MT News
written by Htwe Ko Tun
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Siam Paragon ဈေးဝယ်စင်တာ၌ အောက်တိုဘာ ၃ရက်က ဖြစ်ပွားခဲ့သည့်သေနတ်သမားတစ်ဦးက ဈေးဝယ်စင်တာအတွင်း လိုက်လံပစ်ခတ်ခဲ့မှုဖြစ်စဉ်ကြောင့် Take Toys Co., Ltd. တွင် အလုပ်လုပ်ကိုင်နေသူ မြန်မာနိုင်ငံသား ဒေါ်မိုးမြင့်၊ အသက်(၃၁)နှစ်၊ သထုံမြို့ဇာတိဖြစ်သူသည် ဒဏ်ရာပြင်းထန်စွာရရှိပြီး ဆေးရုံအရောက်တွင် ဆုံးပါးခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဘန်ကောက်မြို့၊ မြန်မာသံရုံးမှ သံအမတ်နှင့် အလုပ်သမား သံအရာရှိတို့က အောက်တိုဘာ ၄ ရက်တွင် Pathuwan နယ်မြေရဲစခန်းမှ ဒုတိယရဲမှူးကြီးနှင့် ယင်းသေဆုံးသူ မြန်မာနိုင်ငံသား၏ အလုပ်ရှင်တို့ထံသို့ သွား ရောက်တွေ့ဆုံ၍ နာရေးကိစ္စနှင့် ကရုဏာကြေး ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။
ထို့ပြင် မြန်မာသံရုံးအနေဖြင့် သထုံမြို၌ နေထိုင်သည့် သေဆုံးသူ၏ မိခင်ဖြစ်သူထံသို့လည်း ဆက်သွယ်ဆောင်ရွက်လျက် ကျန်ရစ်သူမိသားစုဝင်များ၏ ဆန္ဒအရသေဆုံးသူ ဒေါ်မိုးမြင့်အား အောက်တိုဘာ ၈ ရက်တွင် ဘန်ကောက်မြို့ရှိ Changwattana ဘုန်းကြီးကျောင်း၌ ကောင်းမွန်စွာ မီးသင်္ဂြိုလ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိသည်။
ဘန်ကောက်မြို့ မြန်မာသံရုံးအနေဖြင့် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အနီးကပ်ပူး ပေါင်းလျက် လိုအပ်သည်များ ဆက်လက်ကူညီဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရှိရသည်။