၄. ၁၀. ၂၀၂၃
Written by Thettant
မနေ့ညက ကန်ခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၂) ပထမနေ့ပွဲစဉ်မှာ နိုင်မယ်လို့ ယူဆခဲ့တဲ့ အသင်းတွေက လေးသင်းမှန်ခဲ့တာကြောင့် ၅၀ ၊ ၅၀ ပဲလို့ ဆိုရမှာဖြစ်သလို ဒီနေ့ညမှာ ဆက်လက်ယှဉ်ပြိုင်မဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၂) ဒုတိယနေ့ပွဲစဉ်တွေမှာ မန်စီးတီး၊ ဘာစီလိုနာတို့ အနိုင်ရနိုင်တဲ့အခြေအနေတွေအပါအဝင် ဖြစ်နိုင်ခြေတွေကို ခန့်မှန်းသုံးသပ်ပေးလိုက်ပါတယ်။
◾အန့်ဝပ် Vs ရှတ်တာဒိုးနတ်
ဘာစီလိုနာနဲ့ ရှတ်တာဒိုးနတ်တို့ ရှိနေတဲ့ Group H မှာလည်း အန့်ဝပ်နဲ့ ရှတ်တာဒိုးနတ်တို့က အိမ်ဖြည့်ဖြစ်ပြီး တတိယနေရာလုရမဲ့ အခြေအနေပါ။ နှစ်သင်းစလုံးက အားနည်းသလို လက်ရှိမှာလည်း အန့်ဝပ်က နောက်ဆုံးလေးပွဲသွင်းဂိုးမရှိဘဲ ပေးဂိုးကလည်း ငါးဂိုးနဲ့ အဖြစ်ဆိုးနေပါတယ်။ ရှတ်တာဒိုးနတ်ကလည်း နောက်ဆုံးလေးပွဲမှာ နိုင်ပွဲတစ်ပွဲပဲရှိပြီး ပေးဂိုး ၆ ဂိုး ရဂိုး ၆ ဂိုးပါ။ လက်ရှိအနေအထားအရတော့ Forbet က ၁ ဂိုးစီသရေကျမယ်ဆိုပေမဲ့လည်း ကြေးအရတော့ ရှတ်တာဒိုးနတ်နဲ့ ပျော်ပျော်ကြီးနေလိုက်ပါလို့ အကြံပြုပါရစေ။
◾ အက်သလက်တီကို Vs ဖီယင်နု
အက်သလက်တီကို၊ ဖီယင်နု၊ ဆဲလ်တစ်၊ လာဇီယိုတို့ပါဝင်နေတဲ့ Group E ဟာ အကြိတ်အနယ်ယှဉ်ပြိုင်ရမဲ့ အုပ်စုတစ်စုလို့ပဲ ပြောရမှာပါ။ လက်ရှိမှာ ဖီယင်နုက ၃ မှတ်နဲ့ ထိပ်ဆုံးမှာရောက်နေပေမဲ့လည်း ဒီအုပ်စုထဲ ခြေစွမ်းအကောင်းဆုံးလို့ ယူဆရတဲ့ အက်သလက်တီကိုက သူ့ရဲ့ သမ္ဘာနဲ့ ဝါနဲ့ ရီးရဲမက်ဒရစ်အပါအဝင် ပြီးခဲ့တဲ့သုံးပွဲဆက်အနိုင်ရပြီး ရှစ်ဂိုးသွင်း ပေးဂိုး ၃ ဂိုးပဲရှိခဲ့တဲ့ ခြေစွမ်းကို ဆက်ထိန်းပြီး အနိုင်ယူပါလိမ့်မယ်။ ဖီယင်နုကလည်း နောက်ဆုံး ခြောက်ပွဲဆက်အနိုင်ယူထားပြီး ၂၆ ဂိုးသွင်းထားတာကြောင့်မို့လို့ ဒီနေ့ပွဲဟာ တီကိုနဲ့ နေထိုင်ပြီးရင်တော့ ဂိုးပေါ်ကိုပါ စွန့်စားဖို့ အကြံပေးချင်ပါတယ်။ Forbet မှာလည်း တီကို ၃ – ၀ ဖီယင်နုလို့ သုံးသပ်ထားတာ မြင်ရပါတယ်။
◾ ပေါ်တို Vs ဘာစီလိုနာ
နောက်ဆုံး ၆ ပွဲမှာ ၁၈ ဂိုးသွင်းပြီး မယ်ယော့ကာတစ်သင်းကိုပဲ သရေကျထားတဲ့ ဘာစီလိုနာကိုတော့ ဘင်ဖီကာလိုအသင်းကို ပြီးခဲ့တဲ့ပေါ်တူဂီဒါဘီပွဲစဉ်မှာ ရှုံးထားတဲ့ ပေါ်တိုတို့ အံတုနိုင်ဖို့မလွယ်ပါဘူး။ ပေါ်တိုရဲ့ ခြေစွမ်းက လျှော့တွက်လို့မရပေမဲ့လည်း ဘာကာနဲ့ တွေ့ထားတဲ့ နောက်ဆုံးလေးပွဲမှာလည်း ပေါ်တိုက ရှုံးထားပါသေးတယ်။ ဒီနေ့ပွဲမှာ အနိုင်ရတဲ့အသင်းက ထိပ်ဆုံးက အပြတ်အသတ်ဦးဆောင်ခွင့်ရလာနိုင်တာမို့လို့လည်း ဘာစီလိုနာတို့ အားထည့်ကစားသွားတာမြင်ရမှာဖြစ်ပြီး လီဝန်ဒေါစကီးဦးဆောင်လာမဲ့တိုက်စစ်ကို အိမ်ရှင်တွေ တောင့်ခံနိုင်ဖို့ မမြင်တာကြောင့် Forbert ကတော့ ဘာစီလိုနာကပဲ အဝေးကွင်းမှာ တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားမယ်လို့ ခန့်မှန်းထားတာ တွေ့ရလို့ ဘာစီလိုနာနဲ့နေထိုင်တာ အကောင်းဆုံးပါပဲ။
◾ လိုက်ပစ်ဇ် Vs မန်စီးတီး
လိုက်ပစ်ဇ်နဲ့ မန်စီးတီးတို့ ဒီနှစ်ပိုင်း စီးချင်းထိုးခဲ့ရာမှာ အိမ်ကွင်းတွေ ကိုယ်စီအသာရထားကြတာပါ။ လက်ရှိမှာ အဝေးကွင်းခြေစွမ်းကျဆင်းနေတဲ့ မန်စီးတီးဟာ Group G မှာတော့ လိုပ်ပစ်ဇ်ကလွဲရင် သူမှုရမဲ့အသင်းမပါလို့ လာမဲ့အပတ် အာဆင်နယ်အိမ်ကွင်းကန်ရမဲ့ ပွဲကြပ်အတွက် ဒီနေ့ကိုတော့ သူတို့ သရေကို ဦးတည်ကန်မဲ့အခြေအနေလို့ ထင်မှတ်ရပါတယ်။ တစ်ဖက်မှာ လိုက်ပစ်ဇ်ကလည်း ဘိုင်ယန်လိုအသင်းကို ၂ ဂိုးစီ သရေကန်ထားတာမို့လို့ ခြေစွမ်းတက်နေချိန်ဖြစ်တာနဲ့ ကြေးကလည်း မန်စီးတီးက ပေါက်နေတာကြောင့် အိမ်ရှင်နဲ့အတူ စွန့်စားပြီး ဂိုးပေါ်ကာထားတာက ပိုစိတ်ချရမဲ့ အခြေအနေပါ။ ခန့်မှန်းမှုတွေမှာလည်း Forbet က ၂ ဂိုးစီသရေမှန်းထားသလို CBS ကတော့ လိုက်ပစ်ဇ် ၀ မန်စီးတီး ၂ ဂိုးပါ။
◾ နယူးကာဆယ် Vs ပီအက်စ်ဂျီ
မန်စီးတီး၊ လီဗာပူးနဲ့ ဘရိုက်တန်ကို ရှုံးပြီးတဲ့နောက် ပြိုင်ပွဲစုံငါးပွဲမှာ အေစီမီလန်ကို သရေပဲကစားနိုင်ခဲ့တယ် ဆိုပေမဲ့ တိုက်စစ်က ၁၂ ဂိုးသွင်းခဲ့ပြီး ပေးဂိုးမရှိတော့တဲ့ငှက်ကျားတွေကို လာရောက်ယှဉ်ပြိုင်ရမဲ့ ပီအက်စ်ဂျီကတော့ ဒီရာသီအဖွင့်မလှသလို ခြေစွမ်းကလည်း တည်ငြိမ်မှုမရှိပါဘူး။ ပီအက်စ်ဂျီက ဒေါ့မွန်ကို အဖွင့်ပွဲအနိုင်ရထားတယ်ဆိုပေမဲ့လည်း ဒီအုပ်စုက အုပ်စုကျပ်ဖြစ်လို့ အိမ်ကွင်းမှာ အနိုင်သုံးမှတ်ယူဖို့ကို နယူးကာဆယ်က ကြိုးပမ်းမှာပါ။ ဒါပေမဲ့လည်း ပီအက်စ်ဂျီမှာ ရာသီအစရှုပ်ထွေးမှုတွေကြောင့် မပါဝင်နိုင်ခဲ့တဲ့ ဘာပေ သူ့တန်ဖိုးကို ပြဖို့လည်း ကြိုးစားလာမှာဖြစ်လို့ Forbet ကတော့ နယူးကာဆယ်ကို ပီအက်စ်ဂျီက ၂ ဂိုး ဂိုးမရှိနဲ့ နိုင်မယ်လို့ ခန့်မှန်းပြီး CBS ကလည်း နယူး ဇီးရိုး ပီအက်စ်ဂျီ နှစ်ဂိုးလို့ ခန့်မှန်းတာ တွေ့ရပါတယ်။ ကြေးတွေကလည်း PSG လိုအသင်းနဲ့ တွေ့ရပေမဲ့ နယူးကာဆယ်ဘက်က ဖွင့်နေတာ(ဒဲ့လည်း တွေ့ရ)တွေ့ရတာက စဉ်းစားစရာဖြစ်ပေမဲ့ ဒီပွဲကတော့ ချန်ပီယံလိဂ် ဝါရင့်သဘာရင့် ပီအက်စ်ဂျီနဲ့ နေထိုင်တာ အကောင်းဆုံးဖြစ်မယ်ယူဆပါတယ်။
◾ဇဗက်ဇ်ဒါ Vs ယန်းဘွိုင်း
မန်စီးတီးနဲ့ လိုက်ဇ်ပစ်တို့ ရှိနေတဲ့ Group G မှာ ဇဗက်ဇ်ဒါနဲ့ ယန်းဘွိုင်းက အဖြည့်ခံလို့ ပြောရမှာဖြစ်ပြီး သူတို့အမြင့်ဆုံးမျှော်လင့်နိုင်တာက ယူရိုပါလိဂ်ကို ဆင်းကန်ရဖို့ပါ။ ဒီလိုအနေအထားမျိုးမှာ ဇဗက်ဇ်ဒါတို့က အဝေးကွင်းခြေစွမ်းညံ့ပေမဲ့ အိမ်ကွင်းကောင်းမွန်တဲ့အားသာချက်ကို အသာစီးယူထားမဲ့အနေအထားမြင်ရသလို ပြီးခဲ့တဲ့ မန်စီးတီးနဲ့ပွဲမှာလည်း ဂိုးပြတ်ရှုံးပေမဲ့ တူတူတန်တန်ခြေစွမ်းကို ပြသနိုင်ခဲ့တာနဲ့ ယန်းဘွိုင်းကလည်း နောက်ဆုံးကန်ထားတဲ့ အဝေးကွင်းနှစ်ပွဲရှုံးထားတာကြောင့် ဇဗက်ဇ်ဒါနဲ့ နေထိုင်ပြီး ဂိုးအောက်ကာတာက အကျိုးဖြစ်မလား မှန်းဆကြည့်သင့်ပါတယ်။ ဂရုပြုသင့်တာကတော့ ဒီပွဲဟာ ၁ ဂိုးစီသရေကျမယ်လို့ Forbet က ခန့်မှန်းထားတာကိုပါပဲ။
◾ ဆဲလ်တစ် Vs လာဇီယို
နောက်ဆုံးငါးပွဲဆက်မှာ တစ်ပွဲပဲနိုင်ထားသလို ပေးဂိုးကလည်း ရှစ်ဂိုးရှိနေတဲ့ လာဇီယိုထက်စာရင်တော့ နောက်ဆုံးငါးပွဲမှာ လေးပွဲနိုင်ထားပြီး ရဂိုးလည်း ကိုးဂိုးရထားတဲ့အပြင် အိမ်ကွင်းအားသာချက်ရှိတဲ့ ဆဲလ်တစ်က ရမှတ်သုံးမှတ်ယူနိုင်ဖို့ ကြိုးပမ်းမှာပါ။ စီးရီးအေမှာ အဆင့် ၁၆ ရောက်နေတဲ့ လာဇီယိုက ဆဲလ်တစ်ကို ကြေးပြန်ပေးနေတဲ့အနေအထားမျိုးမှာ အမိုက်ခံပြီး ဧည့်သည်နဲ့ နေတာထက် အိမ်ရှင်ကို ယုံကြည်မှုပေးလိုက်တာပိုကောင်းပါမယ်။ Forbet ကလည်း ဆဲလ်တစ် ၂- ၁ လာဇီယိုလို့ သုံးသပ်ထားတာကြောင့် သရေကျရင်တောင် ပျော်ရမဲ့ ဆဲလ်တစ်နဲ့နေပြီး ဂိုးအောက်ပါ သွားနိုင်တယ်လို့ ယူဆမိတယ်လို့လည်း ပြောချင်ပါတယ်။
◾ ဒေါ့မွန် Vs အေစီမီလန်
နောက်ဆုံး ၆ ပွဲမှာ တစ်ပွဲရှုံးပြီး သုံးပွဲနိုင်ထားတဲ့ ဒေါ့မွန်ဟာ ရဂိုး ၁၁ ဂိုးလည်း သွင်းယူထားနိုင်ပေမဲ့ ပေးဂိုးကလည်း ရှစ်ဂိုးပါ။ အေစီမီလန်ကတော့ နောက်ဆုံးခြောက်ပွဲမှာ အင်တာမီလန်ကို ငါးဂိုးသွင်းခံရပြီးရှုံး၊ ချန်ပီယံလိဂ်မှာ နယူးကာဆယ်ကို သရေဆိုပေမဲ့လည်း နောက်ဆုံးသုံးပွဲဆက်တော့ နိုင်ထားပါသေးတယ်။ ဒီနှစ်သင်းရဲ့ လက်ရှိအခြေအနေက ခြေညီတယ်လို့ ဆိုရနိုင်မဲ့ အခိုက်အတန့်မှာ Forbet က တစ်ဂိုးစီသရေကျမယ်လို့ သုံးသပ်ထားတာရော အိမ်ရှင်ဘက်ကနေရင် သရေကျတောင် နာကျင်ရမဲ့အခြေအနေမှာ အေစီမီလန်နဲ့ပဲ စွန့်စားစေချင်ပါတယ်။ (Photo – Credit)