October 22, 2024

သတ်ဖြတ်ခံရသော ရဲဒုတပ်ကြပ်သူရအောင်ထံမှ ရယူထားသော ပစ္စည်းများနှင့် မြစ်ငယ် PDF ဝန်ခံချက်ကို တွေ့ရစဥ်

MT News

Written by Min Mahar

မန္တလေးမြို့၊ အမရပူရမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲဒုတပ်ကြပ် သူရအောင်အား မြစ်ငယ် PDF (MN-PDF)အဖွဲ့မှ သတ်ဖြတ်လိုက်ပြီး ဧရာဝတီမြစ်ထဲသို့ ပစ်ချခဲ့သည်ဟု ဝန်ခံထားသည့်စာ ထုတ်ပြန်ထားသည်။

“အမရပူရမြို့နယ်ရုံးက ရဲ တစ်ယောက်ပျောက်နေတာတော့ကြားတယ်။ အခုလို PDF အဖွဲ့က သူ့တို့လက်ချက်လို့တင်လိုက်တော့ သေချာသွားပြီ။ အသတ်ခံလိုက်ရတယ်ဆိုတာ” ဟု ရဲအသိုင်းဝိုင်းနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

အသတ်ခံရသူထံမှ 9mm ကျည် ၉၁ တောင့်၊ ပိုက်ဆံ ၈၇,၇၀၀ ကျပ်၊ ဖုန်းတစ်လုံးနှင့် လက်စွပ်တစ်ကွင်းကို သိမ်းဆည်းခဲ့သည်ဟု ၎င်းတို့အဖွဲ့မှ ဓာတ်ပုံနှင့်​တကွ ဖော်ပြထားသည်ကို တွေ့ရသည်။

ထို့အပြင် တပ်သစ္စာခံများကိုလည်း ထိထိရောက်ရောက် အရေးယူဆောင်ရွက်မည်ဟု ထပ်မံခြိမ်းခြောက်ထားသည်ကိုလည်း တွေ့ရသည်။

ယခုရက်သတ္တပတ်အတွင်း MDY-PDF အဖွဲ့နှင့် မိတ်ဖက်အဖွဲ့အစည်းများက မန္တလေးမြို့ပေါ်တွင် မကြာခဏ ဗုံးဖောက်ခွဲခြင်း၊ အများပြည်သူများအား ခြိမ်းခြောက်ပြောဆိုခြင်းများကိုလည်း မကြာခဏ ထုတ်ပြန်ကြေညာထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *