၄.၁၀.၂၀၂၃
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘာလူခါလီနှင့် ဂျမ်တာလီ ဘင်္ဂါလီဒုက္ခသည်စခန်းနှစ်ခုအတွင်း အောက်တိုဘာ ၄ ရက် အစောပိုင်းနာရီများက သီးခြားစီပစ်ခတ်မှုများဖြစ်ခဲ့ရာ လူနှစ်ဦးသေဆုံးခဲ့ရကြောင်း သိရသည်။
ဘာလူခါလီ ဒုက္ခသည်စခန်းပစ်ခတ်မှုက လက်နက်ကိုင်အုပ်စုနှစ်ခုအကြား ဖြစ်ပွားခဲ့ခြင်းဟုသိရပြီး ယူဆတ်ဖ်အမည်ရှိ ဘင်္ဂါလီတစ်ဦးသေဆုံးခဲ့ကြောင်း ဒုရဲမှူးကြီး မိုဟာမက်အစ်ဘယ်လ်က ပြောခဲ့သည်။ ယူဆတ်ဖ်က ARSA အမည်ခံ ဘင်္ဂါလီ လက်နက်ကိုင်အကြမ်းဖက်တပ်ဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့ကပြောခဲ့သည်။
ဂျမ်တာလီ ဘင်္ဂါလီဒုက္ခသည်စခန်းတွင်လည်း အခြားသော ပစ်ခတ်မှုတစ်ရပ်ဖြစ်ပွားခဲ့သေးရာ ARSA နှင့် အခြားလက်နက် ကိုင်အုပ်စုတစ်ခုတို့အကြား ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။ ဆက်လက်၍ ARSA အဖွဲ့ဝင်များက ဘင်္ဂါလီဆယ်ကျော်သက်တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်ကာ ဓားဖြင့်အသေထိုးသတ်ပြီး ထွက်ပြေးသွားကြကြောင်း ရဲတပ်ဖွဲ့ က ပြောခဲ့သည်။
ယူကီရာ နယ်မြေရဲစခန်း၏ စခန်းမှူး ရှိတ်မိုဟာမက်အလီက ပစ်ခတ်မှုများအတွင်း သေဆုံးခဲ့ရသူ နှစ်ဦး၏ အလောင်းများကို ကော့ဘဇားမြို့ Sadar ဆေးရုံသို့ ခွဲစိတ်စစ်ဆေးရန်ပို့ထားကြောင်း ပြောခဲ့သည်။
Ref—Dakar Tribune