October 19, 2024

ပစ်ခတ်သူလူငယ်အား တွေ့ရစဉ်

၄.၁၀.၂၀၂၃
Translated by Htwe Ko Tun

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်ရှိ Siam Paragon ကုန်တိုက်ကြီးတွင် အောက်တိုဘာလယ ၃ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သောပစ်ခတ်မှု၌ ၁၄ နှစ်သားရှိ သေနတ်သမားက BB လုပ်သေနတ်တစ်လက်ကိုအသုံးပြုပစ်ခတ်ခဲ့ကာ သေဆုံးသူနှစ်ဦးရှိကြောင်း ရဲချုပ် တော်ဆက် ဆပ်ဗီမောလ်က သတင်းစာရှင်း ပွဲပြုလုပ်စဉ် ပြောကြားခဲ့သည်။

သေဆုံးသူနှစ်ဦးတွင် တစ်ဦးမှာ တရုတ်နိုင်ငံသား ကမ္ဘာလှည့်ခရီးသွားတစ်ဦးဖြစ်ပြီး အခြားတစ်ဦးမှာ မြန်မာအမျိုးသမီးတစ်ဦးဖြစ်ကြောင်းလည်း သိရသည်။ ပစ်ခတ်မှုအတွင်း ဒဏ်ရာရရှိခဲ့သူ ငါးဦးအနက် သုံးဦးအား Chulalongkorn ဆေးရုံသို့တင်ပို့ထားပြီး နှစ်ဦးမှာ စိုးရိမ်ရကြောင်းလည်း ရဲချုပ်ကပြောခဲ့ကာ ထိုသူများကို ဘန်ကောက် ခရစ်ယာန်များဆေးရုံတို့တွင် တင်ပို့ထားရကြောင်းလည်း သိရသည်။

ထို့ပြင် သေနတ်နှင့်ပစ်ခတ်သူလူငယ်က Rajavithi ဆေးရုံတွင်ကုသမှုခံယူနေရသော စိတ်‌ဝေဒနာ ခံစားနေရသူတစ်ဦးဟုသိရကာ ထို့ကြောင့်လည်း စကားကိုရှင်းရှင်းလင်းလင်း ပြောနိုင်ခြင်းမရှိသည်ကိုတွေ့ရကြောင်း၊ ၎င်းက နောက်ပိုင်းတွင် ဆရာဝန်ပေးသော ဆေးကိုမသောက်ခဲ့ဟုလည်းတွေ့ရကြောင်း၊ ၎င်းက စိတ်ဂယောက်ဂယက်ချောက်ချားမှုကို ခံစားနေရသည့်လက္ခဏာများပေါ်နေကြောင်းလည်း ရဲချုပ်က ထပ်မံပြောကြားခဲ့သည်။

သို့ရာတွင် သေနတ်သမား၏ မိသားစုနှင့်ပတ်သက်၍ ရဲချုပ်က အသေးစိတ်မပြောကြားခဲ့ပေ။ သေနတ်သမားလူငယ်နေထိုင်ရာအိမ်ကို ဆက်လက်ရှာဖွေရာတွင် သေနတ်အမျိုးမျိုးတို့၏ကျည်ဆံများနှင့် အခြား BB သေနတ်တစ်လက်တို့အပြင် စာရွက်ပေါ်တွင်ရေးထားသော ပစ်ခတ်မှုပြုရန် ပစ်မှတ်နေရာအချို့ကိုပါ တွေ့ရှိရကြောင်း သိရသည်။

Ref—-Thai PBS

ပုံစာ။ ပစ်ခတ်သူလူငယ်နှင့် ပစ်ခတ်မှုဖြစ်ပွားရာမြင်ကွင်း

Leave a Reply

Your email address will not be published. Required fields are marked *