October 19, 2024

၄.၁၀.၂၀၂၃
Written by Peya

ရှမ်းပြည်နယ်၊ သီပေါမြို့နယ်၊ မန္တလေး-လားရှိုးကားလမ်းတွင် တွဲကားတစ်စီးတိမ်းမှောက်ရာ ယာဉ်နောက်လိုက်က ကားခေါင်းထဲ ညပ်နေသည့်အတွက် ခက်ခက်ခဲခဲ ဆွဲထုတ်ခဲ့ရကြောင်း နယ်စည်းမခြားပရဟိတအသင်း (သီပေါ) မှ တာဝန်ရှိသူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။

အဆိုပါဖြစ်စဉ်မှာ အောက်တိုဘာ ၃ ရက် ညပိုင်း ၈ နာရီ ၁၈ မိနစ်အချိန်ခန့်က မန္တလေး-လားရှိုးကားလမ်း၊ ပန်စောက်မိန်းကျေးရွာအုပ်စု၊ ဆွတ်လန်းကျေးရွာ၊ မိုင်တိုင်အမှတ် ၁၃၄ မိုင် ၇ ဖာလုံနှင့် ၁၃၄ မိုင် ၆ ဖာလုံကြားတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ဖြစ်ပြီးမှရောက်တော့ ဖြစ်စဉ်ကိုတော့ မသိဘူးပေါ့။ ဖုန်းဆက်အကြောင်းကြားတာက လူညပ်နေတယ်ဆိုပြီး ကျွန်တော်အဖွဲ့က သွားကူညီတာပေါ့။ ကားက တော်တော်လေးကို ညပ်နေတာပေါ့။ ဝိုင်းဝန်းပြီးတော့ ကရိန်းတွေနဲ့ ဆွဲမပြီး ဝိုင်းဝန်းပြီးခွာထုတ်ရတာပါ” ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။

ညပ်သွားသူကို ဆွဲထုတ်ရသည့်အချိန်မှာ လေးဆယ့်ငါးမိနစ်ခန့်အထိ ကြာမြင့်ခဲ့ကြောင်းလည်း ၎င်းကဆိုကာ ယာဉ်မောင်းမှာမူ မပြောပလောက်သည့် ဒဏ်ရာသာရခဲ့ကြောင်းလည်း သိရသည်။

“သူက(ယာဥ်နောက်လိုက်) ခြေထောက်တစ်ဖက်ညပ်ပြီး လက်ကျိုးသွားတာပေါ့။ ခြေထောက်က အရိုးအက်သွားတာလောက် ရှိပါတယ်။ လက်ကတော့ လုံးဝ ထက်ပိုင်းကျိုးသွားပါတယ်။ အသက်အန္တရာယ်ကတော့ မစိုးရိမ်ရပါဘူး” ဟု ၎င်းက ရှင်းပြသည်။

Leave a Reply

Your email address will not be published. Required fields are marked *