October 19, 2024

၄.၁၀.၂၀၂၃
Translated by Htwe Ko Tun

ဥရောပသမဂ္ဂ(EU)နဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN)တို့က ကျင်းပပြုလုပ်သွားဖို့ရှိတဲ့ လူ့အခွင့်အရေးဆိုင်ရာအစည်းအဝေးတွေမှာ မြန်မာအစိုးရကိုယ်စားလှယ်တွေကို ဖိတ်ကြားသွားဖို့ နှစ်ဖက်တွေ့ဆုံပြီး အာဆီယံမြို့ပြလူမှုအဖွဲ့အစည်းဆိုင်ရာ အစည်းအဝေးကျင်းပနေစဉ်အတွင်း ဆုံးဖြတ်ချက်ချခဲ့ကြတယ်လို့ သိရပါတယ်။

ဒီဆုံးဖြတ်မှုအပြီးမှာတော့ နယူးယော့ခ်မြို့အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) အပါအဝင် လူ့အခွင့်အရေးဆိုင်ရာအဖွဲ့တွေက အောက်တိုဘာ ၂ ရက်မှာ ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ရာမှာတော့ လာမယ့်လူ့အခွင့်အရေးဆိုင်ရာဆွေးနွေးပွဲတွေကို မြန်မာအစိုးရကိုတက်ရောက်ဖို့ ဖိတ်ကြားခဲ့တဲ့အတွက် တုန်လှုပ်ချောက်ချားမိတယ်လို့ ဖော်ပြခဲ့ပါတယ်။

ကြေညာချက်မှာ မြန်မာအစိုးရကိုယ်စားလှယ်တွေကို ဒီလိုအစည်းအဝေးတွေကိုဖိတ်ကြားမှုက EU နဲ့ ASEAN နှစ်ခုစလုံးရဲ့ ချဉ်းကပ်ပုံ လုပ်နည်းကိုင်နည်းနဲ့လည်း ကွဲလွဲဆန့်ကျင်နေလို့ သူတို့အဖို့ စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပြန်ပါတယ်။ ဒါ့အပြင် လူ့အခွင့်အရေးဆွေးနွေးပွဲတွေကို မြန်မာအစိုးရကိုယ်စားလှယ်တွေကို ဖိတ်ကြားမှုက ရှက်ဖို့ကောင်းရုံမက နားမလည်နိုင်အောင် ဖြစ်ရတယ်လို့လည်း အဆိုပါအဖွဲ့တွေက ထပ်ဆင့်ပြောခဲ့ပါသေးတယ်။

ဒီကြေညာချက်ကိုတော့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ချုပ် (FIDH)၊ FORUM-Asia၊ Front Line Defenders နဲ့ Protection International စတဲ့ လူ့အခွင့်အရေးအဖွဲ့တွေကလည်း လက်မှတ်ထိုးထားကြတာ တွေ့ရပါတယ်။ ထိုအဖွဲ့တွေက မြန်မာအစိုးရကိုဖိတ်ကြားမှုက မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေရပ်ဆိုင်းဖို့ EU နဲ့ ASEAN တို့ရဲ့ အား ထုတ်မှုတွေကို ထိခိုက်နစ်နာစေလို့ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ပွာနေတာတွေကို ပိုလို့ဆိုးဝါးစေတယ်လို့လည်း ဆိုခဲ့ကြပါသေးတယ်။

FIDH နဲ့ FORUM-Asia တို့က မြန်မာအစိုးရကိုယ်စားလှယ်တွေကို လာမယ့်လူ့အခွင့် အရေးအစည်းအဝေးတွေမှာ ဖိတ် ကြားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ဆန္ဒပြတဲ့အနေနဲ့ EU နဲ့ ASEAN တို့ရဲ့ အောက်တိုဘာ ၃ ရက်ကပြုလုပ်တဲ့ အာဆီယံမြို့ပြလူမှုအဖွဲ့အစည်းဆိုင်ရာအစည်းအဝေးအစီအစဉ်မှာ ပါဝင်ရဖို့ကို ဖျက်သိမ်းခဲ့တယ်လို့ သတင်းအချို့က ဆိုပါတယ်။

ASEAN က အသင်းကြီးရဲ့ ထိပ်သီးဆွေးနွေးပွဲတွေနဲ့ အစိုးရဝန်ကြီးအဆင့်အစည်းအဝေးတွေမှာ မြန်မာအစိုးရကိုယ်စား လှယ်တွေကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က မြန်မာနိုင်ငံမှာ တပ်မတော်ရဲ့ အာဏာထိန်းသိမ်းမှုဖြစ်ချိန်ကစလို့ ဖိတ်ကြားခြင်းမပြုဘဲ ချန်လှပ်ထားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ပြန်လည်ဖိတ်ကြားဖို့ ဆုံးဖြတ်လာတာဖြစ်ပါတယ်။

Ref, ucanews.com

Leave a Reply

Your email address will not be published. Required fields are marked *