October 19, 2024

◾ နွေဦးတော်လှန်ရေးကာလအတွင်း သံဃာတော် ၈၈ ပါးနှင့် သီလရှင်တစ်ပါး သ-တ်ဖြ-တ်ခံထားရ

၄. ၁၀. ၂၀၂၃
Written by Nay Moe

အင်းတော်မြို့နယ် ပင့်တင်ရွာမှ ငယ်ဖြူကျောင်းထိုင်ဆရာတော်တစ်ပါးအား KIA နှင့် PDF များ ပူးပေါင်းဖမ်းဆီးကာ သ-တ် ဖြ-တ်မှုဖြစ်ပွားခဲ့ပြီး ထိုသို့သ-တ်ဖြ-တ်မှုမှာ နွေဦးတော်လှန်ရေးကာလအတွင်း သံဃာ ၈၈ ပါးမြောက် သ-တ်ဖြ-တ်ခံရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဥ်မှာ အောက်တိုဘာ ၁ ရက် မွန်းလွဲ ၂ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၌ သံဃာတော် ၁ ပါးသ-တ်ဖြ-တ်ခံရ၍ ပျံလွန်တော်မူသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အား စိစစ်ခဲ့ရာ စက်တင်ဘာ ၂၆ ရက်နေ့တွင် အင်းတော်မြို့နယ်၊ ပင့်တင်ကျေးရွာရှိ ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးဉာဏိက (၅၃)နှစ် (၃၃) ဝါအား KIA နှင့် PDF ပူးပေါင်းအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အောက်တိုဘာ ၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီအချိန်တွင် ပင်ငယ်ကျေးရွာအနီး ရွှေဘို-မြစ်ကြီးနားကားလမ်းဘေးလယ်တောစပ်၌ ဆရာတော် ဥူးဉာဏိကအား ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ ၂ ချက်ဖြင့် ပုပ်ပွသေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုဖြစ်စဥ်မတိုင်မီ စက်တင်ဘာ ၂၅ ရက် နံနက် ၈ နာရီခွဲအချိန်ကလည်း ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ မင်းကျိုင်းကျေးရွာရှိ ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးဝေပုလ္လ (၃၇ နှစ်)၊ ဝါတော် ၁၇ ဝါရှိသော ငယ်ဖြူဆရာတော်အား KNU နှင့် PDF အဖွဲ့တို့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ ဝင်များက ဖြစ်စဉ်အား စိစစ်ခဲ့ရာ စက်တင်ဘာ ၂၄ ရက် ည ၇ နာရီခွဲအချိန်တွင် အဆိုပါကျေးရွာအတွင်းသို့ KNU အဖွဲ့နှင့် PDF အဖွဲ့ဝင် ၆ ဦးက ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး ကျေးရွာဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်ဖြစ်သူ ဥူးဝေပုလ္လအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် ကျေးရွာအနောက်ဘက်ရှိ မင်းကျိုင်း-ကြိမ်တောမြောင်းသွားလမ်းအရောက်တွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဆရာတော် ဦးဝေပုလ္လတွင် နဖူးကျည်ထိမှန်ပွင့်ထွက်ဒဏ်ရာ ၁ ချက်၊ လည်ပင်းကျည်ထိမှန် ဒဏ်ရာ ၁ ချက်၊ ဝဲပုခုံးကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ရရှိကာ ပျံလွန်တော်မူသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

NLD၊ CRPH၊ NUG နှင့် PDF တို့၏ နွေဦးတော်လှန်ရေးကာလအတွင်း ထိုလက်နက်ကိုင်တော်လှန်ရေးကို မထောက်ခံသူ ဆရာ၊ ဆရာမများ၊ ကျောင်းတက်သူ ကလေးသူငယ်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင် လုပ်ပေးသူ စွပ်စွဲချက်များဖြင့် လူဦးရေ ၆၃၀၀ အထက် သတ်ဖြတ်ထားပြီး ထိုသို့ သတ်ဖြတ်ခံရသူများတွင် သံဃာတော် ၈၈ ပါးနှင့် သီလရှင်ဆရာကြီး ၁ ပါးတို့မှာလည်း NLD၊ NUG နှင့် PDF တို့၏ လုပ်ရပ်များ မထောက်ခံမှုဖြင့် ပါဝင်သတ်ဖြတ်ခံထားရသည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *