၄. ၁၀. ၂၀၂၃
Written by Thettant
Becker 30′ 37′
Niakate 41′
Bruma 52′
Castro 90+4′
ဆဲလ်ဘဂ် 0 Vs 2 ဆိုစီဒက်
Oyarzabal 7′
Mendez 27′
အင်တာမီလန် 1 Vs 0 ဘင်ဖီကာ
Thuram 62′
ပီအက်စ်ဗီ 2 Vs 2 ဆီဗီလာ
L de Jong 86′(P)
Teze 90+5
Gudelj 68′
Nesyri 87′
ကိုပင်ဟေဂင် 1 Vs 2 ဘိုင်ယန်မြူးနစ်
Lerager 55′
Musiala 67
M Tel 83′
မန်ယူ 2 Vs 3 ဂါလာတာစာရေး
Hojlund 17′ 67′
Zaha 23′
Akturkoglu 71′
Icardi 81′
နာပိုလီ 2 Vs 3 ရီးရဲမက်ဒရစ်
Ostigard 19′
Zielinski 54 (P)
V Junior 27′
Belingham 34′
Meret 78(OG)
လန်းစ် 2 Vs 1 အာဆင်နယ်
Thomasson 25′
Wahi 69′
Jesus 14′
ချန်ပီယံလိဂ်အုပ်စုပွဲစဥ်မှာ ဘိုင်ယန်က လေးဂိုးသွင်းခံထားရတဲ့ ရမှတ်မဲ့ မန်ယူဟာ ဂါလာတာစာရေးကို အိမ်ကွင်းမှာ အနိုင်ယူမယ်လို့ အားလုံးက ထင်မှတ်ထားကြပေမဲ့လည်း အိပ်မက်ကဇာတ်ရုံကြီး ဘီလူးစီးခံလိုက်ရပါတယ်။ ပွဲချိန် ၇၇ မိနစ်မှာ ကာစီမီရို အနီကတ်နဲ့အထုတ်ခံရပြီး ပင်နယ်လ်တီပေးခဲ့ပေမဲ့ အိုင်ကာဒီလွဲချော်ခဲ့လို့သာ နှစ်ပွဲဆက်လေးဂိုးစီမပေးရတာဖြစ်ပြီး ဒီနေ့ပွဲအရှုံးကြောင့် မန်ယူဟာ နာလန်ထူနိုင်ဖို့မလွယ်သလို Group A မှာ နှစ်ပွဲကစား ရမှတ်မဲ့နဲ့ ယူရိုပါလိဂ်တောင် ကံအလွန်ကောင်းမှကန်ခွင့်ရမဲ့ဘဝနား ရောက်သွားခဲ့ပါပြီ။ ဒီနေ့ပွဲမှာ မန်ယူဟာ အိမ်ကွင်းဖြစ်နေပါလျက် ဂါလာတာစာရေးကို အသာမရခဲ့တာကြောင့် ထိုက်တန်တဲ့အရှုံးရလဒ်ကို ခံစားခဲ့ရတာဖြစ်ပြီး အိုနားနားရဲ့ စွမ်းဆောင်ရည်ကလည်း စိတ်ပျက်စရာရလဒ်ပဲ ထပ်ထွက်ခဲ့တာပါ။
နောက်ဆုံး ၆ ပွဲမှာ ၁၅ ဂိုးသွင်းပြီး ပေးဂိုး ၃ ဂိုးပဲရှိတဲ့ တော်ဝင်ဂန်းနားဟာ မှော်ဝင်ဆန်းပြားမယ်ထင်ခဲ့ပေမဲ့ အဝေးကွင်းမှာတော့ ခြေမစွာနိုင်ခဲ့ဘဲ လန်းစ်က နှစ်ဂိုးသွင်းတာ ခွင့်ပြုလိုက်ရပြီး အဆုံးသတ်မှာတော့ သင်္ကြန်အမြောက်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အာဆင်နယ်ဟာ ဒီနေ့ပွဲမှာ အဝေးကွင်းဖြစ်ပေမဲ့လည်း လန်းစ်ကို ဂိုးပိုင်ဆိုင်မှုအသာ၊ ဂိုးကန်သွင်းမှူအသာ၊ ဂိုးပေါက်တည့်မှုအသာစီးနဲ့ ကန်သွားခဲ့တာဖြစ်ပြီး အိမ်ရှင်တွေအတွက်တော့ ဂိုးသမားရဲ့ ဆမ်ဘာတေးသွားတွေနဲ့ ချိုမြိန်တဲ့အနိုင်ရလဒ်ကို ရစေခဲ့တာပါ။ ဒီနေ့အရှုံးကြောင့် အာဆင်နယ်ဟာ Group B ရဲ့ ဒုတိယနေရာကို ဆင်းပေးလိုက်ရပြီး လန်းစ်ကတော့ နှစ်ပွဲကစား ၄ မှတ်နဲ့ အာဆင်နယ်အထက်မှာ အခန့်သားပါ။ (Photo- Credit)