၄.၁၀.၂၀၂၃
translated by Htwe Ko Tun
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Siam Paragon ကုန်တိုက်ကြီးတွင် အောက်တိုဘာလ ၃ ရက်၊ ညနေ ၄ နာရီ ၂၀ ခန့်က ပစ်ခတ်မှုတစ်ရပ်ဖြစ်ပွားရာ လူသုံးဦးသေဆုံးပြီး အခြားလေးဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။
ပစ်ခတ်မှုကို အသက် ၁၄ နှစ်ရှိ လူငယ်တစ်ဦးက ပြုလုပ်ခဲ့ပြီး ကုန်တိုက်အတွင်းမှ လူပေါင်းရာနှင့်ချီ၍ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြသည်။ မျက်မြင်တွေ့ရှိသူများက သေနတ်ပစ်ခတ်မှု ၁၀ ချက်ကျော်ရှိခဲ့ကြောင်း ပြောကြသည်။
ရဲတပ်ဖွဲ့က ပစ်ခတ်မှုများပြုလုပ်ခဲ့သော အသက် ၁၄ နှစ်ရှိ လူငယ်အားဖမ်းဆီးမိခဲ့ကြောင်းလည်း သိရသည်။ ရဲအထူးတပ်ဖွဲ့အား တပ်ဖြန့်၍ သေနတ်သမားနောက်သို့လိုက်ခဲ့ရာတွင် အနီးရှိ Siam Kempinski ဟိုတယ်၌ ညနေ ၅ နာရီ ၁၀ မိနစ်တွင်ဖမ်းမိခဲ့ခြင်းဖြစ်သည်။ ၎င်းက ခုခံခြင်းမပြုဘဲ သေနတ်ကိုပါ ရဲတပ်ဖွဲ့လက်သို့အပ်ခဲ့သည်။
ဗီဒီယိုများနှင့်လူမှုကွန်ရက်ပေါ်မှပုံများတွင် ပစ်ခတ်သူလူငယ်အား အနက်ရောင်တီရှပ်ဝတ်လျက် လုပ်သေနတ်တစ်လက်နှင့်အတူ တွေ့ကြရသည်။
ဒဏ်ရာရရှိသူများအနက် နိုင်ငံခြားသားတစ်ဦးအပါ အဝင်လူသုံးဦးအား King Chulalongkorn Memorial ဆေးရုံသို့တင်ပို့ထားရပြီး အခြားတစ်ဦးကိုလည်း ရဲတပ်ဖွဲ့ဆေးရုံတွင် တင်ပို့ကုသနေသည်။
Ref, Bangkok Post