October 18, 2024

၃.၁၀.၂၀၂၃
Written By Thandar

ပရိသတ်အားပေးမှု များစွာရရှိထားတဲ့ မင်းသမီးခိုင်သင်းကြည်ရဲ့ တစ်ဦးတည်းသော သမီးလေးလည်းဖြစ်တဲ့ တေးသံရှင် စံထိပ်ထားဦးရဲ့ “အစ ပထမ” Single Song ကို ပရိသတ်သဘောကျကြမှာပါလို့ သူမက ဆိုပါတယ်။

“Album တစ်ခုထွက်ဖို့ အချိန်တွေ သေချာပေးရတာဆိုတော့ အရမ်းကြာသွားနိုင်တာမို့ Single Song လေးပဲ အရင်ထွက်မှာပါ။ Album တစ်ခု ထွက်ဖို့အတွက်လည်း ခေါင်းထဲမှာ ရှိပါတယ်။ ထိပ်ထိပ်ရဲ့ မေမေကလည်း သီချင်းတွေ ရွေးပေးပါတယ်။ ထိပ်ထိပ်ဆိုမယ့် သီချင်းကို မေမေကို အရင်ဆိုပြဖြစ်ပါတယ်။ ပရိသတ်တွေ ထိပ်ထိပ်ရဲ့ပထမဆုံး Single Song ကို ပရိသတ်သဘောကျကြမှာပါ။ Surprise လေးထားပါတယ်”လို့ တေးသံရှင် စံထိပ်ထားဦးက ပြောပါတယ်။

စံထိပ်ထားဦးကတော့ Cover Song များစွာကို သီဆိုပြီး ပရိသတ်ဆီ အမြဲအရောက်ပို့လေ့ရှိသူလည်းဖြစ်ပါတယ်။ “အစ ပထမ “သီချင်းကိုတော့ W Entertainment ကနေ မကြာခင် ဖြန့်ချိပေးမယ်လို့ သိရပါတယ်။ မကြာခင်ကလည်း တေး သံရှင် အုပ်စိုးခန့်နဲ့အတူ သီဆိုထားတဲ့ Keep it သီချင်းလေး ထွက်ရှိထားပါတယ်။

“Cover Song ဆိုတာ ဝါသနာပါလို့ ခဏခဏ ဆိုဖြစ်တယ်။ အဆိုပိုင်းဆက်သွားဖို့ အစီအစဉ်ရှိပါတယ်။ ပရိသတ်ရဲ့ Feedback ကို နားထောင်ပြီးတော့ ပရိတ်သတ်ကြိုက်တယ်ဆို အဆိုပိုင်းဆက်လုပ်သွားပါမယ်။ ပရိသတ်ရဲ့ Feedback ကိုလည်း စောင့်မျှော်နေပါတယ်”လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *