October 19, 2024

ဓာတ်ပုံ - ရွှေညောင်ပင်လူမှုကူညီရေးအသင်း

၃.၁၀.၂၀၂၃
written by KL

ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ လွိုင်ကော်ဟိုတယ်ဝန်းထဲတွင် ထရန်စဖော်မာပေါ်မှ ဓာတ်ကြိုးကိုဖြတ်ခိုးသူ ဓာတ်လိုက်သေဆုံးခဲ့သဖြင့် ယနေ့နံနက်ပိုင်းတွင် မြေမြှုပ်သင်္ဂြိုလ်လိုက်ကြောင်း​ ဒေသခံလူမှုရေးအသင်းအဖွဲ့ထံမှ သိရသည်။

အောက်တိုဘာ၂ ရက် နံနက်ပိုင်းက လွိုင်ကော်ဟိုတယ်ဝင်းထဲမှ ထရန်စဖော်မာပုံးပေါ်ရှိ ဓာတ်ကြိုးကို အသက် ၂၀ ကျော် လူငယ်တစ်ဦးက ဖြတ်ခိုးယူရမှာ ဓာတ်လိုက်ခဲ့ပြီး ခန္ဓာကိုယ်အနှံ့တွင် မီးလောင်ညိုမဲဒဏ်ရာများစွာဖြင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူ၏ ရုပ်အ​လောင်းကို လွိုင်ကော်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ယနေ့နံနက် ၁၀ နာရီတွင် လေးမိုင်သုဿန်၌ မြေမြှုပ်သင်္ဂြိုလ်လိုက်ကြောင်း ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရသည်။

ဓာတ်ကြိုးခိုး၍ ဓာတ်လိုက်သေဆုံးမှုများမှာ စက်တင်ဘာလအတွင်း ကချင်ပြည်နယ် ဖားကန့်မြို့ ဆိပ်မူရပ်ကွက်တွင် ၁ ကြိမ်၊ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်တွင် ၁ ကြိမ်၊ မွန်ပြည်နယ် သံဖြူဇရပ်မြို့တွင် ၁ ကြိမ် စုစုပေါင််း ​၃ ကြိမ်ဖြစ်ပွားခဲ့ရာ အမျိုးသား ၃ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့သည်။

ဓာတ်ပုံ – ရွှေညောင်ပင်လူမှုကူညီရေးအသင်း

Leave a Reply

Your email address will not be published. Required fields are marked *