October 22, 2024

အန်စာတုံးယာဥ် တိမ်းမှောက်မှုမြင်ကွင်းကို တွေ့ရစဥ် (ဓာတ်ပုံ-ကိုထိုက်)

၉. ၁၁. ၂၀၂၂

Written by Thettant

ကော့ကရိတ်-မြဝတီ အာရှလမ်း တောနော်ရေတံခွန်တွင် အန်စာတုံးယာဥ်တိမ်းမှောက်ပြီး ယာဥ်ပေါ်ပါ ၇ ဦးစလုံး သေဆုံးမှု နိုဝင်ဘာ ၉ ရက်နံနက်တွင် ဖြစ်ပွားခဲ့ကြောင်း ပုလဲဖြူ လူမှုကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။

ဖြစ်စဥ်မှာ ယနေ့နံနက် ၈ နာရီ မိနစ် ၄၀ ခန့်တွင် ကော့ကရိတ်-မြဝတီ အာရှလမ်း တောနော်ရေတံခွန်အနီးတွင် မြဝတီမှ ဆင်းလာသည့် အန်စာတုံးယာဥ်မှာ လမ်းတားတုံးကို ကျော်ပြီး အုတ်ခုံကို ဝင်တိုက်မိရာမှ ယာဥ်ပေါ်ပါသူ အမျိုးသားငါးဦးနှင့် အမျိုးသမီးနှစ်ဦး စုစုပေါင်း ခုနစ်ဦးစလုံး သေဆုံးခဲ့သည်ဟု သိရသည်။

“အရှိန်တော်တော်များတယ်လို့ သိရပါတယ်။ လမ်းဘေးမှာ ကာထားတဲ့ ကွန်ကရစ်ပြားကို တိုက်တာ အဲဒီမှာ မမှောက်ဘဲ ကျော်သွားတာ TAWNAW WATERFALL ဆိုင်းဘုတ်ကို ထပ်တိုက်ပြီး ပက်လက်အနေအထားနဲ့ တောနော်ရေတံခွန် ဆိုင်းဘုတ် ကွန်ကရစ်အုတ်ခုံကို ထပ်ပြီး ဝင်တိုက်လိုက်တာ အရှေ့မှန် ကနေ ကားအနောက်ဘက် ထိရောက်တော့ အထဲ က လူတွေ အကုန်ထိခိုက်သွားတာ ကျား ၅ ဦး မ ၂ ဦး ပေါင်း ၇ဦး သေသွားတာမို့ စိတ်မကောင်းဖြစ်ရပါတယ်” ဟု ပုလဲဖြူလူမှုကယ်ဆယ်ရေးအဖွဲ့မှ ကိုထိုက်က ဆိုသည်။

တိမ်းမှောက်မှုဖြစ်စဥ်ဖြစ်ပွားသည့်ယာဥ်မှာ ပဲခူးမှယာဥ်ဖြစ်သည်ဟု သိရပြီး လက်ရှိတွင် တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *