October 18, 2024

MT News

Written By Thandar

အောက်တိုဘာ ၃ ရက်ကနေ ၂၅ ရက်အထိ ကျင်းပမယ့် ဗီယက်နမ်နိုင်ငံ Miss Grand International 2023 ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံကိုယ်စားပြုဝင်ရောက်ယှဥ်ပြိုင်ဖို့ Miss Grand Myanmar 2023 အလှမယ် နီနီလင်းအိမ် မြန်မာပြည်က စတင်ထွက်ခွာခဲ့ပါတယ်။

သူမက ယနေ့ အောက်တိုဘာ ၂ ရက် ညနေ ၄ နာရီ ၅၅ မိနစ်မှာ Yangon International Airport ကနေ Vietnam နိုင်ငံသို့ ထွက်ခွာတာလည်းဖြစ်ပါတယ်။

“ပြိုင်ပွဲကြီးအတွက် ရင်ခုန်မှု‌က‌ အခက်အခဲတွေ အများကြီး ရှိတယ်။ ပြိုင်ပွဲအတွက် ကျေနပ်တယ်။ ခုတော့ Perfect ဖြစ်ပြီးမှ သွားကြတာပေါ့။ ဟိုမှာ နီနီ့ရဲ့ ကြိုးစားမှုနဲ့ ကံရယ် စန်းအားရယ်တော့ လိုမယ်ထင်ပါတယ်။ အစအဆုံး အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ခဲ့ရပါတယ်။ နီနီတို့ ပြိုင်ပွဲပြိုင်ပြီဆိုထဲက ပထမဆုံးဆု Winner မျှော်မှန်းထားတယ်။ လူတိုင်းပြည့်စုံတာ ရှိမယ်။ မပြည့်စုံတာ ရှိမယ်။ လူတိုင်းကတော့ ပန်းတိုင်တစ်ခုကို သွားခဲ့ကြတာပါ။ ပြိုင်ပွဲအတွက် အစထဲက ၁၀၀ ရာခိုင်နှုန်း ကြိုးစားခဲ့တာမို့ Organization တစ်ခုလုံး နီနီ့ အင်အားရော ဆရာတို့ အင်အားပေါင်းလိုက်ရင် ဒီ Winner ကို ရနိုင်တယ်”လို့ Miss Grand Myanmar 2023 အလှမယ် နီနီလင်းအိမ်က ပြောပါတယ်။

ဒီပြိုင်ပွဲကြီးမှာ အာဆီယံနိုင်ငံတွေက အလှမယ်တွေဖြစ်တဲ့ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မြန်မာ၊ ထိုင်း၊ စပိန်၊ ကနေဒါ စတဲ့နိုင်ငံပေါင်း ၈၀ နီးပါးက ဝင်ရောက်ယှဉ်ပြိုင်ကြမယ်လို့ သိရပါတယ်။

“ကျွန်‌တော်လည်း တစ်ချိန်လုံး နီနီ့ဘေးက Support လုပ်ပေးမှာပါ။ Fan တွေ အနေနဲ့ကလည်း နီနီ့ကို အားပေးကြပါလို့။ Fan တွေ လုပ်ရမှာက Top 5 မှာ Dinner စားချင်ပါတယ်။ Dinner စာရင်းဝင်အောင် Voting ပေးကြပါ။ Dinner အတွက် ဝတ်စုံတွေကအစ Hair Style က အဆုံး စီစဉ်ထားတယ်။ Dinner Party မှာ ပြောရမယ့် စကားလုံးတွေအစပြင်ဆင်ပေးထားပါတယ်။ Facebook Sharing လုပ်ပေးပါ။ Main နေရာမှာ Support မပေးတဲ့အတွက် မမျှော်လင့်ဘဲ နံပါတ် ၇ နေရာရောက်သွားတယ်။ ဒီနေ့ရယ် နောက် ၃ရက်နေ့နဲ့ ၄ရက်နေ့အထိ Like Share များများ ပံ့ပိုးပေးကြပါလို့ ” ကိုထူးအံ့လွင်က ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *