October 18, 2024

MT News

Written By Thandar

Miss World Myanmar 2023 Final ပွဲကို အောက်တိုဘာ ၁ ရက် ည‌ပိုင်းက ရန်ကုန်မြို့ ရွှေထွဋ်တင်ကွင်းရှိ Hexagon Complex မှာ ကျင်းပခဲ့ရာ Winner ဆုနဲ့ Title ဆု ၂ ခုကို ပင်းတယမြို့က ဓနုတိုင်းရင်းသူ အလှမယ်ယွန်းသိမ့်သိမ့်နွေး ဆွတ်ခူးရရှိခဲ့ပါတယ်။

Beauty with a Purpose လူမှုအကျိုးပြုပရဟိတအလုပ်တွေ ဆောင်ရွက်နိုင်ဖို့အတွက် ရည်ရွယ်ကျင်းပတဲ့ Miss World Myanmar 2023 ပြိုင်ပွဲလည်းဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ အသက် ၁၈ နှစ်ကနေ အသက် ၂၇ နှစ်ကြား မြန်မာအမျိုးသမီးငယ် အလှမယ် ၁၅ ယောက်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲအဆင့်အလိုက် Top 7 ကို ပထမအဆင့်ရွေးခဲ့ပါတယ်။

အဆိုပါ Miss World Myanmar 2023 Title Award အနေနဲ့ Media Choice Award ဆုနဲ့ People Choice Award ဆုကို အလှမယ် ယွန်းသိမ့်သိမ့်နွေး၊ Multimedia Winner ဆုကို အလှမယ်မေမွန်၊ Top Model Challenge Winner ဆုနဲ့ Miss Photogenic Award ဆုကို အလှမယ် ချစ်ပန်းအိမ်၊ Miss Elegent Award ဆုကို အလှမယ် သန္တာစိုး၊ Best In Talent Winner ဆုကို အလှမယ် သက်ထားခင်၊ Sport Challenge Ward ဆုကို အလှမယ် နန္ဒာဝင်းတို့ Title ဆုအသီးသီးရရှိခဲ့ပါတယ်။

Top 5 အနေနဲ့ ရွေးချယ်ခံရတာက အလှမယ် မေမွန်၊ အလှမယ် ဈာန်ထိပ်ထား၊ အလှမယ် သက်ထားခင်၊ အလှမယ် သန္တာစိုး နဲ့ အလှမယ် ယွန်းသိမ်သိမ့်နွေးတို့ ဖြစ်ပါတယ်။

4th Runner Up ဆုကို အလှမယ် သက်ထားခင်၊ 3rd Runner Up ဆုကို မေမွန်၊ 2nd Runner Up ဆုကို ဈာန်ထိပ်ထား၊ 1st Runner Up ဆုကို သန္တာစိုး၊ Winner ဆုကို ယွန်းသိမ့်သိမ့်နွေးတို့က ရရှိခဲ့ပါတယ်။

Winner ဆုရှင် အလှမယ်ယွန်းသိမ့်သိမ့်နွေးက Miss World Myanmar Organization နဲ့အတူ Beauty With A Purpose လူမှုအကျိုးပြု ပရဟိတအလုပ်များကို တစ်နှစ်တာ တာဝန်ယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဒီဇင်ဘာလမှာ India နိုင်ငံမှာ ကျင်းပမယ့် ၇၁ ကြိမ်မြောက် Miss World 2023 ပြိုင်ပွဲကြီးကို Miss World Myanmar 2023 မြန်မာကိုယ်စားပြု အလှမယ် ယွန်းသိမ့်သိမ့်နွေးက ဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *