October 19, 2024

၂.၁၀.၂၀၂၃.
Translated by Htwe Ko Tun

အင်ဒိုနီးရှားနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၇ ဒသမ ၃ ဘီလျံ အကုန်အကျခံတည်ဆောက်ခဲ့သော မြန်နှုန်းမြင့်ကျည်ဆန်ရထား စတင်ပြေးဆွဲမှုကို အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက ယနေ့ အောက်တိုဘာ ၂ ရက် နံနက်က ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါကျည်ဆန်ရထားလမ်းက ၁၄၂ ကီလိုမီတာ(၈၈ ဒသမ ၂၃ မိုင် ရှည်လျားပြီး ဂျာကာတာမြို့မှ ဘန်ဒန်းမြို့အထိ ပြေးဆွဲမည်ဖြစ်ကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ရပ်ဝန်းနှင့် ပိုးလမ်းမပူးပေါင်းဆောင်ရွက်ရေးစီမံချက် (Belt and Road Initiative) အရ အကောင်အထည်ဖော်ခဲ့သော စီမံကိန်းတစ်ခုလည်း ဖြစ်သည်။

စီမံကိန်းကို ၂၀၁၉ ခုနှစ်၌ပင် ပြီးစီးရန် ရည်မှန်းချက်ထားခဲ့သော်လည်း မြေနေရာဝယ်ယူရေးကိစ္စများ၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နှောင့်နှေးရမှုများနှင့် ကုန်ကျစရိတ်တိုးမြင့်လာမှု စသည့် ပြဿနာများကြောင့် ရည်မှန်းချက်ထက်များစွာ နောက်ကျခဲ့ရသည်။

ထိုကျည်ဆန်ရထားက တစ်နာရီလျှင် ကီလိုမီတာ ၃၅၀ နှုန်းပြေးဆွဲနိုင်ပြီး အရှေ့တောင်အာရှဒေသ၏ ပထမဆုံးသော မြန်နှုန်းမြင့်ကျည်ဆန်ရထားလည်း ဖြစ်သည်။

Ref—-Jakarta Post

Leave a Reply

Your email address will not be published. Required fields are marked *