October 19, 2024

၂.၁၀.၂၀၂၃
Written by Peya

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့တွင် ယနေ့ အောက်တိုဘာ ၂ ရက် နံနက်ပိုင်းက သားအဖနှစ်ဦး အသတ်ခံရသည့် ဖြစ်စဉ်ဖြစ်ပွားပြီး သေဆုံးသည့်ဖခင်မှာ လေဖြတ်ထားသူဟု သိရကြောင်း MT News သတင်းဌာနသို့ ဒေသခံတစ်ဦးက ပြောသည်။

ထိုဖြစ်စဥ်မှာ ကျောက်တန်းမြို့နယ်၊ အရှေ့ပိုင်းရပ်ကွက်၊ ငွေသာင်ယံကွက်သစ်တွင် အောက်တိုဘာ ၂ ရက်၊ နံနက်ပိုင်း ၁၁ နာရီခွဲ အချိန်တွင် သေဆုံးနေကြောင်း တွေ့ရခြင်းဖြစ်ကာ သားအဖနှစ်ဦးတည်း နေသည့်အိမ်ဟုလည်း သိရကြောင်း MT News က မေးမြန်းထားသည့် အချက်အလက်များရ သိရသည်။

“ဖြစ်စဉ် ဖြစ်တာက မှန်တယ်။ လောလောဆယ် ကနဦးယူဆချက်ကတော့ လူမှုရေးကိစ္စလားပေါ့။ စစ်နေတုန်းပဲ။ မပြီးသေးဘူး” ဟု ရဲတပ်ဖွဲ့ နှင့် နီးစပ်သူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။

သေဆုံးသူ ၂ ဦးတွင် ရန်ငြိုးရန်စမရှိဟုသိရကာ နိုင်ငံရေးနှင့်ပတ်သက်၍လည်း အရှုပ်အရှင်းကင်းသူများ ဖြစ်ကြောင်း အရှေ့ပိုင်းရပ်ကွက် ဒေသခံတစ်ဦးက ပြောသည်။

“မျက်မြင်သက်သေလည်း မရှိဘူး။ ဖြစ်ပြီးတော့မှ အလောင်းကို တွေ့တာပါ။ ဓားဒဏ်ရာက များတယ် ပြောရမယ်။ အဖေမှာက ဓားဒဏ်ရာ လေးချက်ရှိတယ်။ သားမှာက လည်ပင်းပြတ်ရှဒဏ်ရာတွေကော စုစုပေါင်း ၉ ချက်၊ ၁၀ ချက်လောက် ရှိတယ်။ အဖေက လေဖြတ်ထားတယ်လို့ ကြားတယ်။ သားက စက်ရုံမှာ အလုပ်ဆင်းတာ” ဟု အထက်ပါ ဒေသခံက ဆို သည်။

Leave a Reply

Your email address will not be published. Required fields are marked *