October 19, 2024

၂. ၁၀. ၂၀၂၃
Written by Nay Aung

မြန်မာနိုင်ငံသားအုပ်စုလိုက်သည် ဓားများကိုင်ဆောင်ကာ ချွန်ဘူရီပြည်နယ် Bowin အရပ်ဒေသ၊ အမှတ် (၃) ကျေးရွာအနီးရှိ ကွန်ဒိုနားတွင် လူများကို ဓားဖြင့်လိုက်ခံ ထိုးခုတ်မှုများ ပြုလုပ်ခဲ့ခြင်းအပေါ်  ထိုင်းရဲတပ်ဖွဲ့က စုံစမ်းရှာဖွေလျက်ရှိနေကြောင်း ထိုင်းရဲမှူးကြီး Thachakorn Narananya က ပြောဆိုလိုက်သည်။

ဓားများကိုင်ဆောင်ထားသော မြန်မာနိုင်ငံသားအုပ်စုသည် အောက်တိုဘာ ၁ ရက် ညပိုင်းက Bowin အရပ်ဒေသအမှတ် (၃) ကျေးရွာအနီးရှိ ကွန်ဒိုနားတွင် ဓားဖြင့်လိုက်လံထိုးခုတ်မှုများလုပ်ဆောင်ခဲ့ရာ ကွန်ဒိုနားတွင် အရက်သောက်နေသည့် အသက် ၃၀ အရွယ်ရှိ ထိုင်းနိုင်ငံသားမှာ ပြင်းထန်သည့်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံသားဖြစ်သူ Mr. Chalermsak Sona သည် ကွန်ဒိုနားတွင် တစ်ဦးတည်း အရက်သောက်သုံးနေချိန်တွင် ရန်ပြုတိုက်ခိုက်ခံရခြင်းဖြစ်ပြီး လည်ပင်းကို ချွန်ထက်သောအရာများဖြင့် ထိုးခံရကြောင်း သိရသည်။အဆိုပါ ကွန်ဒိုနားတွင်နေထိုင်နေသူတစ်ဦးက ကွန်ဒိုနားတွင် တစ်ဦးတည်းအရက်သောက်နေသည့် လူတစ်ဦးဒဏ်ရာရနေခြင်းကို မြင်တွေ့သည့် အတွက် ကူညီကယ်ဆယ်ရေးအဖွဲ့များကို အကြောင်းကြားခဲ့ကြောင်းပြောသည်။

အဆိုပါ ကွန်ဒိုနားတွင်နေထိုင်နေသော မြန်မာနိုင်ငံသားအုပ်စုသည်ဓားများကိုင်ဆောင်ကာ အုပ်စုလိုက် အခြားသူများကို ရန်ပြုတိုက်ခိုက်ခဲ့ခြင်းမျိုးဖြစ်ကြောင်း၊ သက်သေအချက်လက်များစုဆောင်းနေသလို မျက်မြင်သက်သေများကို စုံစမ်းစစ်ဆေးနေကြောင်းထိုင်းရဲမှူးကြီး Thachakorn Narananya က ပြောသည်။

ဓားဖြင့် တိုက်ခိုက်ခဲ့သောအုပ်စုကို ခြေရာခံကာ လိုက်လံဖမ်းဆီးပြီး တရားစွဲဆိုသွားမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် အုပ်စုလိုက် ဓားများကိုင်ဆောင်ကာ ရန်ပြုတိုက်ခိုက်ရခြင်းအကြောင်းရင်းကို မသိသေးကြောင်း ချွန်ဘူရီပြည်နယ် ရဲတပ်ဖွဲ့တာဝန်ရှိသူများကပြောသည်။

Ref; topnews.co.th

Leave a Reply

Your email address will not be published. Required fields are marked *