MT News
Written by Nay Moe
အမျိုးသားကို ဒလန်ဟုစွပ်စွဲကာ PDF များလာရောက်ပစ်သတ်ချိန် ဇနီးဖြစ်သူ အမျိုးသမီးကိုပါ သတ်ဖြတ်ခဲ့မှူ သပိတ်ကျင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ကနဦးသတင်းများအရ သိရသည်။
ဖြစ်စဥ်မှာ စက်တင်ဘာ ၂၉ ရက် ညနေ ၄ နာရီခွဲခန့်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ သီးကုန်းကျေးရွာနေ ဦးအောင်ကျော်မင်း(၄၂)နှစ်သည် ၎င်း၏နေအိမ်၌ ဇနီးဖြစ်သူ ဒေါ်ခင်မျိုးလှိုင်(၃၈)နှစ်နှင့်အတူရှိနေစဉ် PDF အဖွဲ့ဝင် အင်အား ၆ ဦး (စိစစ်ဆဲ)က ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးအောင်ကျော်မင်းနှင့် ဒေါ်ခင်မျိုးလှိုင်တို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဥ်အပေါ် တာဝန်ရှိသူများက မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ သီးကုန်းကျေးရွာ၌ ဇနီးမောင်နှံနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ကြောင်းနှင့် သေမှုသေခင်းဖွင့်လှစ်ကာ သတ်ဖြတ်သည့် PDF များအား အရေးယူနိုင်ရေး စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။