MT News
Written by Nay Moe
ဗန်းမော်မြို့နယ် ရေလဲရွာသို့ PDF များက လက်နက်ကြီးဖြင့် ပစ်ခတ်၍ သုံးဦးဒဏ်ရာရမှုဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ် ဖွဲ့မှ သိရသည်။
ဖြစ်စဥ်မှာ စက်တင်ဘာ ၂၉ ရက် မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်အချိန်တွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ရေလဲကျေးရွာသို့ PDF အဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကျေးရွာအနီးသို့ လက်နက်ကြီးကျည် ၁ လုံးကျရောက် ပေါက်ကွဲခဲ့သည်။
ယင်းကဲ့သို့ ပေါက်ကွဲမှုကြောင့် အဆိုပါကျေးရွာနေသူများဖြစ်ကြသည့် ဦးပုလဲ (၅၂)နှစ်၊ ဇနီးဖြစ်သူ ဒေါ်ကြည်ထွေး(၅၀)နှစ်နှင့် တူဖြစ်သူ မောင်ခန့်လင်းထက်(၁၇)နှစ်တို့တွင် လက်နက်ကြီးကျည်ပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ဗန်းမော်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသထားရှိကြောင်း သိရသည်။