October 18, 2024

၈ .၁၁ .၂၀၂၂

ရိုက်ကူး/တည်းဖြတ် ဟေမာ

တန်ဖိုးကြီး ကညွတ်ဖြူတွေ မြန်မာနိုင်ငံမှာ စိုက်ပျိုးအောင်မြင်နေပြီး ပြည်ပတင်ပို့ရောင်းချချင်တဲ့ ကိုယ်စားလှယ်တွေ ဆက်သွယ်ပူးပေါင်းစေချင်တယ်လို မြန်မာနိုင်ငံမှာ ပထမဆုံး ကညွတ်ဖြူ စိုက်ပျိုးရေး လုပ်ငန်းကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေတဲ့ ကိုဖိုးဇော်က MT News ကို ပြောပါတယ်။

ပြည်ပကနေ တင်သွင်းရတဲ့ကညွတ် အရည်အသွေးထက် သာလွန်ကောင်းမွန်အောင် ပြည်တွင်းမှာတင် စိုက်ပျိုးထုတ်လုပ်နိုင်နေပြီး အညာဒေသ တောင်သူအတော်များများ စိုက်ပျိုးနိုင်အောင်လည်း ကိုဖိုးဇော်က ဦးဆောင်ပေးနေတာဖြစ်ပါတယ်။

ကညွတ်ဖြူကို စိုက်ပျိုးရာမှာ နေရောင်ခြည်မထိအောင် ဂရုတစိုက် စိုက်ပျိုးရပြီး ကျန်တဲ့ ကရိကထ အထွေအထူးမရှိဘဲ နှစ်ရှည်ပင်အမျိုးအစားလို့ သိရပါတယ်။

ကညွတ်ပင်က ပူနွေးစိုစွတ်တဲ့ ရာသီဥတုကို သဘောကျတာကြောင့် မြန်မာနိုင်ငံရဲ့ အလယ်ပိုင်းဒေသဖြစ်တဲ့ အညာဒေသဟာ စိုက်ပျိုးဖို့ အကောင်းဆုံးဒေသဖြစ်တယ်လို့ ကိုဖိုးဇော်က သူ့အတွေ့အကြုံကို ပြောပြပါတယ်။

သူ့အနေနဲ့ ကညွှတ်စိုက်ပျိုးရေးလုပ်ငန်းကနေ တန်ဖိုးမြင့် ထုတ်ကုန်တွေအထိ ထုတ်လုပ်ဖို့ရည်ရွယ်ရင်း တစ်ဖက်တစ်လမ်းကနေ နိုင်ငံခြားဝင်ငွေရရှိအောင် ဆောင်ရွက်ပေးနိုင်တာမို့ သူ့လိုမျိုး စိုက်ဖြစ်အောင်လည်း တောင်သူတွေကို တိုက်တွန်းနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *