၈.၁၁.၂၀၂
Written by Pan Ei
SHINee အဖွဲ့ဝင် Minho သည် ၎င်း၏တစ်ကိုယ်တော်အယ်လ်ဘမ်ကို ပွဲဦးထွက်ပြီး ၁၄ နှစ်အကြာတွင် ဖြန့်ချိတော့မည်ဖြစ်သည်။
Minho သည် ဒီဇင်ဘာလလယ်တွင် တစ်ကိုယ်တော်အယ်လ်ဘမ် ထွက်ရှိမည်ဟု Sports Seoul က နိုဝင်ဘာ ၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီး Minho ၏ အေဂျင်စီဖြစ်သော SM Entertainment ကလည်း ” Minho က သူ့ရဲ့ ပထမဆုံး တစ်ကိုယ်တော် အယ်လ်ဘမ်အတွက် ပြင်ဆင်နေပြီး ဒီဇင်ဘာလမှာ ထွက်ရှိဖို့ ရည်မှန်းထားပါတယ်။ ကျေးဇူးပြုပြီး စိတ်ပါဝင်စားစွာ အားပေးကြပါဦး” ဟု သတင်းထုတ်ပြန်ခဲ့သည်။
Minho သည် ယခင်က “I’m Home”၊ “Heartbreak” နှင့် ဂျပန်တစ်ကိုယ်တော်သီချင်းများ “Romeo and Juliet”၊ “Falling Free” အပါအဝင် SM STATION မှတစ်ဆင့် တစ်ကိုယ်တော်သီချင်းများကို ထုတ်ဝေခဲ့ဖူးသည်။ သို့သော်လည်း ဒီဇင်ဘာလတွင် ထွက်ရှိလာမည့် အယ်လ်ဘမ်သည် သူ၏ ပွဲဦးထွက်ပြီး ၁၄ နှစ်အတွင်း ပထမဆုံး တစ်ကိုယ်တော် အယ်လ်ဘမ် ဖြစ်လာမည်ဖြစ်သည်။
SHINee အဖွဲ့ဝင်များဖြစ်သည့် Key၊ Taemin နှင့် Onew တို့၏ တစ်ကိုယ်တော်အယ်လ်ဘမ်များတွင် ၎င်းတို့၏ ကိုယ်ပိုင်ဟန်များကို ပြသထားနိုင်သောကြောင့် Minho ၏ ပထမဆုံးတစ်ကိုယ်တော်အယ်လ်ဘမ်အတွက် လူအများက မျှော်လင့်ချက် မြင့်မားနေကြသည်။
Minho ပါဝင်သရုပ်ဆောင်ထားသော Netflix Series: The Fabulous ကို နို၀င်ဘာ ၄ ရက်တွင် စတင်ထုတ်လွှင့်ရန် စီစဥ်ထားသော်လည်း အောက်တိုဘာ ၂၉ ရက်က အီထယ်ဝန်းတွင်ဖြစ်ပွားခဲ့သော လူပိမှုဖြစ်စဉ်များကြောင့် ကာလအကန့်အသတ်မရှိ ရွှေ့ဆိုင်းခဲ့ရသည်။
Minho ၏ Fan Meeting ကို ဒီဇင်ဘာ ၇ ရက်နှင့် ၈ ရက်နေ့များတွင် ကျင်းပသွားမည်ဖြစ်ပြီး Debut Album ထဲမှ သီချင်းများလည်း ဖျော်ဖြေတင်ဆက်သွားမည် ဖြစ်သည်။
Ref; Soompi, Allkpop