October 18, 2024

MT News

Written By Thandar

Singapore နိုင်ငံရဲ့ အာရှအနုပညာဖန်တီးမှုအကယ်ဒမီဆုချီးမြှင့်တဲ့ Asian Academy Creative Awards ရဲ့ Best Actor/Actress in Leading Role – National Winner မှာ “တမြေ့မြေ့မိုး” ဇာတ်လမ်းတွဲနဲ့ အေးချမ်းမောင်၊ ပန်းရောင်ခြယ်တို့က ဆန်ကာတင် အရွေးချယ်ခံရပါတယ်။

“Asian Academy Creative Awards မှာ အ​ကောင်းဆုံး အမျိုးသမီးဇာတ်​​ဆောင်ဆုအတွက် ဒုတိယအကြိမ် Nomination ကို တ​မြေ့​မြေ့မိုးနဲ့ ဝင်သွားပါတယ်။ Grand Prize ကို မမှန်းပါဘူး။ ကိုယ်ငယ်ငယ်ထဲက ကိုရီးယားမင်းသမီး​တွေထဲမှာ ထိပ်ဆုံးအားကျပြီးချစ်ရတဲ့ Song Hye Kyo ​လေးနဲ့အတူ Nomination ပါခွင့်ရပြီး The Glory ဇတ်ကားထဲမှာလည်း သူ ရက်စက်​တော်တဲ့အတွက် အွန်​စော​လေး မဟုတ်ရင် တစ်​ယောက်​ယောက် ရပါလိမ့်မယ် “လို့ အဆိုတော်သရုပ်ဆောင် ပန်းရောင်ခြယ်က ပြောပါတယ်။

Mahar ရဲ့ Original Series တစ်ခုဖြစ်တဲ့ “တမြေ့မြေ့မိုး” ဇာတ်လမ်းတွဲမှ Best Actor in Leading in A Leading Role အနေနဲ့ အေးချမ်းမောင် ၊ Best Actress in A Leading Role အနေနဲ့ ပန်းရောင်ခြယ်တို့က ဆန်ကာတင်စာရင်းတွေပါဝင်ခဲ့သလို Best Direction (Non-Fiction) ကိုလည်း “ရန်ကုန်ညများ” ကိုရိုက်ကူးပုံဖော်ထားတဲ့ ဒါရိုက်တာ Sai Nyan Linn Set က ဆန်ကာတင် အရွေးချယ်ခံရတယ်လို့ သိရပါတယ်။

Asian Academy Creative Awards ရဲ့ Grand Final ကိုတော့ လာမယ့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၇ ရက်မှာ ကျင်းပသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

“တ​မြေ့​မြေ့မိုး အဖွဲ့သား​ယောက်စီတိုင်းကို ​ကျေးဇူးအထူးတင်ပါတယ်။ ဒီ Category ထဲမှာ မြန်မာနိုင်ငံကိုယ်စားပြု National Winner ဖြစ်ခွင့်ရတဲ့အတွက်လည်း ဝမ်းသာပါတယ်ရှင့်။ ပန်း​ရောင်ကို ချစ်ပေးကြသူ တစ်ယောက်ချင်းစီတိုင်း ကျေးဇူးတင်ပါတယ်”လို့ သူမကဆက်ပြောပါတယ်။

၂၀၂၀ တုန်းက “Asia Academy Creative Awards ဆုပေးပွဲမှာ ပန်းရောင်ခြယ်က “လိပ်ပြာ” ဇာတ်လမ်းတွဲနဲ့ Best Actress in A Leading Role အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု National Winner အဖြစ် ရွေးချယ်ခံထားရသူလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *