MT News
Written by Nay Aung
ဆက်သွယ်ရေးနှင့် အွန်လိုင်းမှတစ်ဆင့် လိမ်လည်နေသော အာရှတဝှမ်းရှိ ရာဇဝတ်ဂိုဏ်းများသည် တရုတ်၊ ထိုင်းတို့နှင့် နယ်စပ်ချင်းထိစပ်နေသော မြန်မာနယ်စပ်များတွင် ပိုမိုအခြေစိုက်လာနေကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC)၏ ပြီးခဲ့သောရက်ပိုင်းတွင်ထုတ်ပြန်ခဲ့သော အစီအရင်ခံစာတွင်ဖော်ပြထားသည်။
ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်နိုင်ငံများတွင် အွန်လိုင်းလိမ်လည်မှုများကို နှိမ်နင်းမှုရှိနေသော်လည်း လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေသည့် မြန်မာနိုင်ငံတွင် လက်နက်ကိုင်အဖွဲ့များ၏ ကာကွယ်ပေးမှုများကြောင့် အွန်လိုင်းမှတစ်ဆင့် လိမ်လည်မှုနှင့် လူကုန်ကူးမှုများလုပ်ဆောင်နေသည့် ရာဇဝတ်ဂိုဏ်းများ ကြီးထွားနေကြောင်း UNODC အစီရင်ခံစာတွင် ဖော်ပြထားသည်။
အွန်လိုင်းမှတစ်ဆင့် လိမ်လည်မှုကျူးလွန်နေသည့် ရာဇဝတ်ဂိုဏ်းများသည် မြဝတီနယ်စပ် ရွှေကုက္ကိုလ်တွင် အများစုအခြေ စိုက်ကြပြီး ဝဒေသနှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများတွင်လည်းရှိနေကြောင်း အစီရင်ခံစာတွင် ဖော်ပြထား သည်။ လိမ်လည်မှုခံရကာရာဇဝတ်ဂိုဏ်းများလက်ထဲတွင် ပိတ်မိနေသူများကို ပြန်လည်ကယ်ထုတ်နိုင်ရန်အတွက် မိသားစုဝင်များ သို့မဟုတ် သံရုံးများနှင့် NGO အဖွဲ့အစည်းများသည် ပိုက်ဆံပေးကယ်ထုတ်ရမှုများလည်းရှိနေကြောင်း UNODC အစီရင်ခံစာတွင် ဖော်ပြထားသည်။
ရာဇဝတ်ဂိုဏ်းများ၏ လိမ်ညာခံရသူများထဲတွင် လူငယ်ပညာတတ်များလည်းပါဝင်နေပြီး မြန်မာနိုင်ငံတွင် မြင့်မားသောလစာဖြင့် အလုပ်အကိုင်အခွင့်အလမ်းကောင်းများရမည်ဟု မက်လုံးပေးခေါ်ယူခံရခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။ လုံခြုံရေးတပ်ဖွဲ့များ လက်လှမ်းမမှီနိုင်သော ဒေသများကိုရောက်ရှိကာ လူကုန်ကူးခံရသူများသည် ရာဇဝတ်ဂိုဏ်းများ၏ အတင်းအကြပ်စေခိုင်းခံရခြင်းမှ လွတ်မြောက်နိုင်ရန် အခွင့်အရေး နည်းလမ်းကြောင်း၊ ဥပဒေစိုးမိုးမှု အားနည်းသော ဒေသများတွင် ရာဇဝတ်ဂိုဏ်းများ ကြီးစိုးနေကြောင်း UNODC ၏ ဒေသဆိုင်ရာကိုယ်စားလှယ် ဂျရေမီဒေါက်ကလပ်ကပြော သည်။
Ref; UN