MT News
Written by Nay Moe
မြဝတီထွေအုပ်ရုံးကို ဒရုန်းဖြင့်ဗုံးကြဲကာ နိုင်ငံ့ဝန်ထမ်းငါးဦးသ-တ်ဖြ-တ်ပြီး ၁၁ ဦးဒဏ်ရာရအောင် တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည့် Federal Wings PDF အဖွဲ့ကို NUG က သိန်း ၁၀၀ ဆုချလိုက်သည်ဟု NUG ၏ MOD က ယခုထုတ်ပြန်သည်။
၂၀၂၃ ခုနှစ် စက်တင်ဘာ ၃ ရက် ညပိုင်းတွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် လုံခြုံ ရေးအစည်းအဝေးပြုလုပ်နေစဥ် PDF ဒရုန်းလက်ရုံးတပ် (၁၈၀၁) _ Federal Wings အဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ မြ၀တီခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုရဲမှူး နေလင်းစိုး အပါအဝင် ၅ ဦး ဗုံးထိမှန် သေဆုံးကာ ပြင်းထန်ဒဏ်ရာစိုးရိမ်ရ ၅ ဦး၊ သာမန်ဒဏ်ရာမစိုးရိမ်ရ ၆ ဦးအထိရှိခဲ့သည်။
အဆိုပါတိုက်ခိုက်သ-တ်ဖြ-တ်မှုကို အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့သည့်အတွက် NUG ကာကွယ်ရေးဝန်ကြီးဌာနအနေ ဖြင့် PDF ဒရုန်းလက်ရုံးတပ် (၁၈၀၁) _ Federal Wings ကို ဆုငွေအဖြစ် မြန်မာကျပ်ငွေ သိန်း ၁၀၀ ချီးမြှင်ခဲ့ခြင်း ဖြစ်သည်။
ဆုချီးမြှင့်ပွဲအခမ်းအနားသို့ ကာကွယ်ရေးဒုဝန်ကြီး နိုင်ကောင်းရွတ်၊ တောင်ပိုင်းစစ်ဒေသ၊ ဒုစစ်ဒေသမှူး (၂) ရဲဘော်စောရှားနှင့် ဒရုန်းလက်ရုံးတပ် (၁၈၀၁) _ Federal Wings တာဝန်ရှိသူတို့ တက်ရောက်ခဲ့သည်ဟုလည်း NUG က ထုတ်ပြန်ထားသည်။