MT News
Translated by Htwe Ko Tun
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၏ အသက်နှစ်နှစ်ရှိပြီဖြစ်သော Commander အမည်ရှိခွေးက အိမ်ဖြူတော်တွင် တာဝန်ထမ်းနေသော အမေရိကန်လျှို့ဝှက်စုံစမ်းထောက်လှမ်းရေးအဖွဲ့မှ ရဲအရာရှိတစ်ဦးအားစက်တင်ဘာ ၂၅ ရက်က ကိုက်ခဲ့ပြန်ရာ လွန်ခဲ့သည့်တစ်နှစ်အတွင်း အိမ်ဖြူတော်၌ Commander ၏ အကိုက်ခံရမှု ဆယ့်တစ်ကြိမ်မြောက်ဖြစ်ကြောင်းလည်း သိရသည်။
ဂျာမန် Shepherd မျိုးဖြစ်သော Commander က အသက်အားဖြင့် နှစ်နှစ်သာရှိသေးသော်လည်း ၂၀၂၂ ခုနှစ် အောက်တို ဘာလမှစ၍ ၎င်း၏အကိုက်ခံရသူက ၁၁ ဦးရှိသွားပြီဟု လျှို့ဝှက်စုံစမ်းထောက်လှမ်းရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့သည်။ အကိုက်ခံရသူ အမျိုးသမီးရဲအရာရှိအား အိမ်ဖြူတော် ဆေးဘက်ဆိုင်ရာရုံးက ကုသပေးနေကြောင်းလည်း သိရသည်။
အဆိုပါပြောရေးဆိုခွင့်ရှိသူက အိမ်ဖြုတော်မိသားစုအနေဖြင့်လည်း မွေးမြူထားသောတိရစ္ဆာန်များအတွက် ဗျာများရသည့်ပတ်ဝန်းကျင်အခြေအနေကို ကြုံရနိုင်ကြောင်း၊ သမ္မတမိသားစုအနေဖြင့် ခန့်မှန်းမရသည့် သဘာဝအနေအထားကြောင့် Commander ကို ထိန်းနိုင်ရန် မကြာခဏဆိုသလို ချော့မြှူဖျောင်းဖျနေရသည်ကိုသတိထားမိကြောင်း ပြောခဲ့သည်။
ရှေးရိုးစွဲ ကွန်ဆာဗေးတစ်အုပ်စုဖြစ်သော Judicial Watch က ၂၀၂၂ ခုနှစ် အောက်တိုဘာမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း အိမ်ဖြူတော်တွင် Commander ၏ အကိုက်ခံရသူများ၏ တရားစွဲဆိုချက်များမှ ရရှိသော အချက်များ ဇူလိုင်လက ထုတ်ပြန်ခဲ့သည်တွင် အများပြည်သူမှာလည်း အိမ်ဖြူတော်မှ သမ္မတဂျိုးဘိုင်ဒန်ခွေး၏ လူကိုက်သန်မှုကို သိခဲ့ကြရသည်။
Ref-NBCNew