October 19, 2024

MT News

Written By Thandar

အဆိုတော် အောင်အေးချစ်ရဲ့ ရေဒီယိုကာလပေါ် တေးသီချင်းတွေ ပါဝင်တဲ့ “မမမိုး မချစ်စု” သီချင်းခွေမိတ်ဆက်ပွဲကို စက်တင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ကြည့်မြင်တိုင်ကမ်းနားလမ်းရှိ Attica Restaurant & Bar မှာ ကျင်းပခဲ့ပါတယ်။

“ဒီအခွေကို ၂၀၁၈ လောက်ကတည်းက စီစဥ်ခဲ့တယ်။ ၂၀၁၉ ခုနှစ်မှာ သီချင်းအခွေအတွက် အားလုံးပြီးသွားပြီ။ ၂၀၂၀ မှာ သီချင်းခွေထွက်မယ့် အချိန်မှာ ကိုဗစ်တွေဖြစ်တော့ ရပ်လိုက်တယ်။ ၂၀၂၁ မှာလည်း အခွေထွက်ခဲ့ပေမယ့်လည်း အကြောင်းတချို့ရှိခဲ့လို့ ရပ်လိုက်ရတယ်။ အခုမှ ပရိသတ်လက်ထဲကို သေချာထည့်နိုင်တာပေါ့။ အခွေက အရမ်းကို အခက် အခဲများခဲ့တယ်။ ကျွန်တော် အများကြီး ကြိုးစားခဲ့ပြီးပြီဆိုတော့ ပရိသတ်လက်ထဲ မဖြစ်ဖြစ်တဲ့နည်းနဲ့ ရောက်အောင် ပို့ပေးမှာပါ”လို့ အဆိုတော် အောင်အေးချစ်က ပြောပါတယ်။

ဒီအခမ်းအနားမှာ တေးဆို ဇော်ပိုင်၊ ဟဲလေး၊ ရေဗက္ကာဝင်း၊ မေစံပယ်ညို၊ မေသူ၊ ငွေဇင်လှိုင်း၊ ငြိမ်းငြိမ်းအိ စတဲ့ အနုပညာရှင်များစွာ တက်ရောက်ခဲ့ကြပြီး တေးသီချင်းတွေနဲ့ ဂုဏ်ပြုသီဆိုပေးခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *