October 19, 2024

၂၇.၉.၂၀၂၃.
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စု၊ ပင်ဆယ်လ်ဗေးနီးယားပြည်နယ်၊ ဖီလာဒယ်လ်ဖီးယားမြို့၏ Center City နယ်မြေတွင် ရဲတပ်ဖွဲ့အပေါ်မကျေနပ်၍ လူစုလူဝေးဖြင့် လုယက်မှုနှင့် အကြမ်းဖက်အဓိကရုဏ်းများ စက်တင်ဘာ ၂၆ ရက်က ကျယ်ကျယ်ပြန်ံပြန့်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မျက်မြင်တွေ့ရှိသူများက ကြီးမားသောလူအုပ်ကြီးက စတိုးဆိုင်များနှင့် အခြားဈေးဆိုင်များတွင် လုံခြုံရေးများကိုတိုက်ခိုက်ကာ ဆိုင်များအတွင်းရှိပစ္စည်းများကို မွှေနှောက်လုယူဖျက်စီးခဲ့ကြကြောင်း ပြောခဲ့သည်။ ထိုသို့လုယက်ဖျက်စီးခံရသောဆိုင်များတွင် Apple Store မိုဘိုင်းအရောင်းဆိုင်လည်း ပါဝင်ခဲ့သည်။

ဆိုင်များမှ လုယူသောပစ္စည်းများကို ပလပ်စတစ်အိတ်ကြီးများတွင်ထည့်၍ သယ်ဆောင်သူများကိုလည်း လူအုပ်ကြီးနှင့်အတူ လိုက်ပါလာသည်ကို ရဲတပ်ဖွဲ့ဝင်များကတွေ့ကြရသည်။

ကားတစ်စီးအတွင်း အသက် ၂၇ နှစ်အရွယ် လက်တင်အမေရိကတိုက်သားတစ်ဦးအား ရဲအရာရှိ Mark Dial က ဩဂုတ်လ ၁၄ ရက်တွင်အသေပစ်သတ်ခဲ့မှုအပြီး၌ ၎င်းအပေါ်စွဲဆိုထားသော စွဲချက်များအားလုံးကို တရားရုံးက စက်တင်ဘာ ၂၆ ရက် နံနက်တွင် ပယ်ချခဲ့သည့်နောက် ဤကဲ့သို့ လူစုလူဝေးနှင့်လုယက်အကြမ်းဖက်မှုများဖြစ်ခဲ့ရခြင်းဟုလည်း သိရသည်။

လူငယ်အများစုပါဝင်သော လူ ၁၀၀ ခန့်က ဖီလာဒယ်လ်ဖီးယားမြို့၏ Center City နယ်မြေတွင် ဤကဲ့သို့ ဆူပူလုယက်မှုများပြုခဲ့ကြခြင်းဟု ရဲတပ်ဖွဲ့ကပြောခဲ့သည်။ အစောပိုင်းက Center City နယ်မြေ၊ မြို့တော်ခန်းမတစ်ဝိုက်တွင် ဆန္ဒပြမှုများက ည ၇ နာရီခွဲတွင်ငြိမ်းချမ်းစွာပြီးဆုံးသွားပြီးနောက် မကြာမီ ည ၈ နာရီခန့်တွင် ထိုကဲ့သို့ လူစုလူဝေးနှင့် လုယက်မှုများဖြစ်ပွားခဲ့ခြင်းဟုလည်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။

ရဲတပ်ဖွဲ့က ထိုသို့လုယက်သူ ၁၅ ဦးမှ ၂၀ ဦးအထိကို စက်တင်ဘာလ ၂၆ ရက်ညပိုင်းအထိ ဖမ်းဆီးခဲ့သည်ဟုလည်း ပြောခဲ့သည်။

Ref—-latestly.com

Leave a Reply

Your email address will not be published. Required fields are marked *