October 19, 2024

◾ လာမည့် ရွေးကောက်ပွဲကို ယှဉ်ပြိုင်မည် မဟုတ်ဟု ပြော

၂၇.၉.၂၀၂၃
Written by Peya

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံးလွတ်မြောက်ရေးအပါအဝင် အချက်သုံးချက်ကို NLD ပါတီ တည်ထောင်ခြင်း ၃၅ နှစ်မြောက် နှစ်ပတ်လည်တွင် ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်သည့် ထုတ်ပြန်ချက်အတွင်း ထည့်သွင်းတောင်းဆိုထားကြောင်း တွေ့မြင်ရကာ လာမည့်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်ကြောင်းလည်း ဖော်ပြထားသည်ကို တွေ့မြင်ရသည်။

NLD ပါတီသည် ပြန်လည်မှတ်ပုံတင်မှုမရှိ၍ အလိုအလျောက်ပျက်ပြယ်သွားပြီဖြစ်သလို ပြည်ပသို့ထွက်ပြေးသော NLD အမတ်တချို့ ဦးဆောင်ဖွဲ့စည်းသည့် NLD ဗဟိုအလုပ်ကော်မတီသည် တရားဝင်မှုမရှိကြောင်း အငြင်းပွားနေသော်လည်း ဦးအောင်ကြည်ညွန့်ဦးဆောင်သည့် ဗဟိုအလုပ်ကော်မတီကမူ ၎င်းတို့ထိန်းချုပ်ထားသည့် NLD တရားဝင် Page မှ ထုတ်ပြန်ချက်များ မကြာခဏထုတ်ပြန်နေသည်။

လက်ရှိထုတ်ပြန်မှုတွင် နိုင်ငံရေးပါတီတစ်ရပ်အနေဖြင့် ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရသည့် ထုံးစံရှိသော် လည်း ဒီမိုကရေစီစံနှုန်းများနှင့် ကိုက်ညီမှုမရှိခြင်း၊ တရားမျှတမှုမရှိသည့် ရွေးကောက်ပွဲဥပဒေများရှိခြင်းတို့ကြောင့် (၂၀၁၀) ရွေးကောက်ပွဲကို ဆန့်ကျင်ရပ်တည်ခဲ့သကဲ့သို့ လာမည့်ရွေးကောက်ပွဲကိုလည်း ဆန့်ကျင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် မြန်မာ့အကျပ်အတည်းမှသည် ဒေသန္တရပြဿနာအဆင့်သို့ မကူးစက်နိုင်စေရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စုတည်ဆောက်ရာတွင် မရှိမဖြစ်အရေးပါသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါ အဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး၊ စစ်ဘေးဒဏ်သင့် အရပ်သားပြည်သူများအား လူသားချင်းစာနာမှု အကူအညီများရရှိရေး၊ အရပ်သားများအား ပစ်မှတ်ထားတိုက်ခိုက်နေမှုများ အမြန်ဆုံးရပ်ဆိုင်းသွားရေးတို့အတွက် မိတ်ဆွေနိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အားဖြည့်ကူညီပေးကြပါရန် တိုက်တွန်းကြောင်းလည်း ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *