October 19, 2024

၂၇.၉.၂၀၂၃

translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီးယားပြည်နယ်မှာ သမီးဖြစ်သူနှစ်ဦးကို ၂၀၁၈ ခုနှစ်က McLean တိုက်တန်းလျားမှာ သတ်ဖြတ်ခဲ့တဲ့ မိခင်တစ်ဦးကို တရားရုံးက စက်တင်ဘာ ၂၅ ရက်မှာ ထောင်ဒဏ် ၇၈ နှစ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

အသက် ၃၈ နှစ်ရှိ မိခင်ဖြစ်သူ Veronica Youngblood က သူမရဲ့သမီးတွေဖြစ်တဲ့ အသက် ၁၅ နှစ်ရှိ Sharon Castro နဲ့ အသက် ငါးနှစ်ရှိ Brooklynn Youngblood တို့ကို သတ်ဖြတ်ခဲ့တာဖြစ်ပြီး သတ်ဖြတ်မှုအပြီး မကြာမီမှာ လူသတ်မှုကျူးလွန်မိတယ်ဆိုတာ ဝန်ခံခဲ့ကာ စိတ်ပုံမှန်မဟုတ်ချိန်မှာ ကျူးလွန်မိခဲ့တာဖြစ်လို့ အပြစ်မရှိပါဘူးလို့ လျှောက်ထားခဲ့ပါတယ်။

၂၀၁၈ ခုနှစ် ဩဂုတ်လ ၅ ရက်မှာ မိခင်ဖြစ်သူရဲ့ပစ်ခတ်မှုကြောင့် ပြင်းပြင်းထန်ထန် သေလုနီးပါးဒဏ်ရာရထားတဲ့ သမီးကြီး Sharon Castro ဟာ ရဲတပ်ဖွဲ့ ဖုန်းနံပါတ် ၉၁၁ ကို ဖုန်းဆက်ခေါ်ကာ မိခင်ဖြစ်သူက သူမကို သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ပြောခဲ့ပါသေးတယ်။

ရှေ့နေတွေက Veronica Youngblood ဟာ သူမရဲ့ခင်ပွန်းဟောင်း Ron Youngblood ကို လက်စားချေတဲ့အနေနဲ့ သမီးနှစ်ဦးကို ခုလိုသတ်ဖြတ်ခဲ့တာလို့ ရှေ့နေတွေက ပြောခဲ့ကြပါတယ်။ သူမဟာ သတ်ဖြတ်မှုမပြုမီ ကိုးရက်ခန့်မှာ လုပ်သေနတ်တစ်လက်ဝယ်ယူခဲ့တယ်ဆိုတာလည်း တွေ့ရှိရတယ်လို့ သိရပါတယ်။

တရားလိုအစိုးရရှေ့နေတွေက Veronica Youngblood ကို တရားရုံးက တစ်သက်တစ်ကျွန်းပြစ်ဒဏ်ချမှတ်ဖို့ ကြိုးစားခဲ့ကြပေမယ့် တရားသူကြီးတွေကတော့ သူမအပေါ်စွဲဆိုထားမှုတွေအတွက် စုစုပေါင်း ၇၈ နှစ် ပြစ်ဒဏ်ချခဲ့တာပါ။ အာဏာပိုင်တွေက Veronica Youngblood ဟာ အာဂျင်တီးနားနိုင်ငံကဖြစ်ပြီး မိသားစုဝင်တွေနဲ့ပဲ လိင်ဆက်ဆံမှုတလွဲပြုကျင့်ခြင်းကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။ သူမ အသက် ၁၆ နှစ်မှာ သမီးကြီး Sharon ကို ကိုယ်ဝန်ဆောင်မွေးဖွားခဲ့ကာ မိသားစုကို ပံ့ပိုးနိုင်ဖို့ ပြည့်တန်ဆာလုပ်ငန်းကို လုပ်ခဲ့ရပါသေးတယ်။ ဒီနောက်မှာတော့ ၂၀၀၉ ခုနှစ်မှာ Ron Youngblood နဲ့လက်ထပ်ခဲ့တာလို့သိ ရပါတယ်။

Ref——People.com

Leave a Reply

Your email address will not be published. Required fields are marked *