October 19, 2024

ဓာတ်ပုံ - သုဝဏ္ဏလူမှုကူညီရေးအသင်

၂၇.၉.၂၀၂၃
Written by Hey Mar

ရန်ကုန်တိုင်းဒေသကြီး သုဝဏ္ဏနဲ့တောင်ဒဂုံမြို့နယ်တို့ကိုဆက်သွယ်ထားတဲ့ အမှတ်(၂)ကမာကြည်တံတး (ငမိုးရိပ်တံတား-၂) ကနေ ခုန်ချသွားတဲ့ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်ရဲ့ရုပ်အလောင်းကို ဒီနေ့မနက် ၈ နာရီ ၂၀ မိနစ်ဝန်းကျင်က အဆိုပါတံတားရဲ့အောက်ခြေမှာ ပြန်လည်တွေ့ရှိတယ်လို့ သုဝဏ္ဏလူမှုကူညီရေးအသင်းက သိရပါတယ်။

အဆိုပါဖြစ်စဉ်က ငမိုးရိပ်ပြည်ထောင်စုတံတားပေါ်နေ ငမိုးရိပ်ချောင်းအတွင်းကို စက်တင်ဘာ ၂၅ ရက် ညနေ ၆ နာရီ ၃၀ မိနစ်ခန့်က အမျိုးသမီးငယ်တစ်ဦးခုန်ချကာ အဆုံးစီရင်မှုဖြစ်ခဲ့ပြီး ရှာဖွေရေးအဖွဲ့တွေက လိုက်လံရှာဖွေခဲ့ရာ စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်း ရေကျချိန်မှာ ခုန်ချသွားတဲ့ တံတားအောက်ခြေတိုင်အနီးမှာပဲ အလောင်းကို ပြန်လည်တွေ့ရှိခဲ့တာလို့ သိရပါတယ်။

“ကျွန်တော်တို့က ဖြစ်စဉ်ကို လူမှုကွန်ရက်က ကြေညာလိုက်တယ်။ အမျိုးသမီးလေးတစ်ဦး ရေထဲခုန်ချသွားတယ်ဆိုတော့ နောက်နေ့မနက်မှာ မိသားစုက အသင်းကို ဆက်သွယ်လာတယ်။ လူပုံစံ ဓာတ်ပုံတွေဘာတွေလည်းပြပြီး အိမ်ကထွက်သွားတုန်းက ပုံစံလည်းပြောပြတယ်။ ဆယ်ကျော်သက်လူငယ်ဖြစ်တာရော အိမ်မိသားစုနဲ့ အဆင်မပြေတာတွေရောကြောင့် ဖြစ်သွားတဲ့ပုံပဲ။ မိသားစုက တောင်ဒဂုံကပါ။ အလောင်းကိုလည်း အတည်ပြုပြီးပါပြီ။ ကျန်တာ ရဲအရေးပိုင်မို့ ဆက်လက်ဆောင်ရွက်နေပါတယ်“ လို့ သုဝဏ္ဏ လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။

တွေ့ရှိတဲ့ ရုပ်အလောင်းကို သုဝဏ္ဏလူမှုကူညီရေးအသင်းပိုင် နိဗ္ဗာန်ယာဉ်နဲ့ သင်္ကန်းကျွန်းစံပြဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *