October 19, 2024

၂၇. ၉. ၂၀၂၃
Written by Ye Kyaw

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မြန်မာ့နိုင်ငံမှ လယ်ယာထွက်ကုန်နှင့် ရေထွက်ကုန်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့တင်ပို့ရာတွင် စစ်တွေနယ်စပ်တစ်ခုတည်းကသာ တင်ပို့ရန် သတ်မှတ်ထားသော်လည်း လက်ရှိတွင် ရာသီဥတုအခြေအနေများကြောင့် ကုန်စည်စီးဆင်းမှု လျော့ကျ‌နေကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။

“ဘင်္ဂလားဒေ့ရှ်ကိုသွားတဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကတော့ သွားနေပါတယ်။ ဒါပေမဲ့ အခုရက်ပိုင်း ရာသီဥတုက နည်းနည်းလေးမကောင်းဘူးဗျ။ စစ်တွေကနေထွက်တဲ့ ကုန်စည်တင်ပို့မှုကတော့ နည်းသွားတဲ့အနေအထားရှိပါတယ်။ အဓိကတော့ ရာသီဥတုကြောင့်ပေါ့” ဟု ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတင်အောင်ဦးက ပြောသည်။

ကုန်သွယ်မှုလုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်စေရန်နှင့် တစ်ဖက်နိုင်ငံနှင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှုတွင် ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ နှမ်း၊ မြေပဲ၊ မြေပဲဆံ၊ ကြက်သွန်နီ စသည့်လယ်ယာထွက်ကုန်များနှင့် ရေချို၊ ရေငန်ငါးမျိုးစုံ ရေထွက်ပစ္စည်းများကို စက်တင်ဘာ ၄ ရက်မှစတင်၍ စစ်တွေကုန်သွယ်ရေးစခန်းမှသာ တင်ပို့ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာမှ ကြေညာထားသည်။

လက်ရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခြောက်လအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၈ ဒသမ ၅ သန်းကျော်သာရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၆ ဒသမ ၇ သန်းကျော်လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *