October 19, 2024

၂၇. ၉. ၂၀၂၃
Written by Nay Moe

အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ဒလန်ဟုဆိုကာ စွပ်စွဲသတ်ဖြတ်မှုများအပါအဝင် ဗုံးခွဲတိုက်ခိုက်မှုများကြောင့် စက်တင်ဘာ ၂၄ ရက် တစ်နေ့တာအတွင်း လူသုံးဦး သေဆုံးဒဏ်ရာရမှုဖြစ်စဥ်များ ဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

စက်တင်ဘာလ ၂၄ ရက် နံနက် ၈ နာရီခွဲအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီးကျေးရွာနေ ဦးဆန်းသိန်း(၅၅)နှစ်သည် ပြည်တော်သာကျေးရွာရှိ “ဆုံစည်းရာ”လက်ဖက်ရည်ဆိုင်၌ လက်ဖက်ရည်သောက်နေစဉ် PDF ၅ ဦး (စိစစ်ဆဲ)က ဆိုင်ကယ် ၂ စီးဖြင့်‌ ရောက်ရှိလာပြီး “ဒလန်”ဟုစွပ်စွဲ ပြောဆိုကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ဦးဆန်းသိန်းတွင် ယာနားထင်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ နံနက် ၉ နာရီ ၂၀ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ထီးတော်မိုးကျေးရွာနေ မနန်းချစ်မိုး (ခ) မိုးမိုး (၃၃) နှစ်သည် ခင်ပွန်းဖြစ်သူ ကိုအောင်ကျော်ကျော်နှင့်အတူ ကျေးရွာအနောက်ဘက်ရှိ လယ်စောင့်တဲ၌ရှိနေစဉ် PDF ၃ ဦး (စိစစ်ဆဲ)က ဆိုင်ကယ် ၂ စီးဖြင့်ရောက်ရှိလာပြီး ကိုအောင်ကျော်ကျော်အား မြေကြီးပေါ်မှောက်ခိုင်းထားကာ မနန်းချစ်မိုး(ခ)မိုးမိုးအား “ဒလန်”ဟုစွပ်စွဲပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ၎င်းတွင် ယာနားထင်နှင့် ရင်ဘတ်တို့၌ ကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။

ထို့အတူ စက်တင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာနေ ဦးချိန်ကြည်ဟွ (၄၃)နှစ်သည် ကျေးရွာအနီးရှိ ဒေသအခေါ် ဗြုန်းတောင်ခြေတောအတွင်း၌ ထင်းရှာဖွေနေစဉ် လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့(စိစစ်ဆဲ) ထောင်ထားသည့် မိုင်း ၁ လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းတွင် ဝဲခြေသလုံးပြတ်ထွက်ကာ ယာခြေထောက်၌ မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် နမ့်ဖတ်ကာ တိုက်နယ်ဆေးရုံမှ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *