MT News
Written by Nay Moe
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအတွင်းသို့ TNLA အဖွဲ့ဝင်များက ယနေ့နံနက် ၁၀ နာရီ ၅၅ မိနစ်ခန့်တွင် ရွာ၏ အနောက်တောင်ဘက် မီတာ ၁၇၀၀ခန့်အကွာမှ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကျေးရွာအတွင်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး အပြစ်မဲ့ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။
TNLA ၏ ထိုတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့သည့်အသက် ၁၁ နှစ်အရွယ် ကလေးငယ်အား နမ့်ဖတ်ကာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသမှုခံယူစေခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ် ၃၀ ကလည်း TNLA က နမ့်ဖတ်ကာကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီးငယ်တစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရသည့်ဖြစ်စဥ်လည်းဖြစ်ပွားခဲ့ပြီး ထိုလုပ်ရပ်အပေါ် “KIA က မွေးထုတ်ပေးသည့် TNLA က KIA ကို မကျေနပ်၍ နမ့်ဖတ်ကာရွာကို ပစ်ခတ်မှုဖြစ်ကြောင်း၊ KIA က ကိုယ့်မွေးသည့်မျောက် ကိုယ့်ပြန်ခြောက်ခံနေရကြောင်း၊ TNLA က နမ့်ဖတ်ကာရွာကိုပစ်ခတ်ပြီး တပ်ကလုပ်ပါသည်ဟု လိမ်လည်ဦးမည်ဖြစ် ကြောင်း” စသည်ဖြင့် တိုင်းရင်းသားအချို့က ဝေဖန်ခဲ့မှုလည်း ဖြစ်ပွားခဲ့သည်။
ထို့အတူ စက်တင်ဘာ ၁ ရက် မွန်းလွဲ ၂ နာရီခန့်တွင်လည်း TNLA အဖွဲ့ဝင်များက နမ့်ဖတ်ကာ ကျေးရွာအုပ်စ၏ အနောက် မြောက်ဘက်မီတာ ၁၀၀၀ ခန့်အကွာမှ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လာလမ်းအတိုင်း ပြန် လည်ဆုတ်ခွာသွားခဲ့ကြောင်း၊ ၎င်းတို့ အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျေးရွာ အုပ်စုအတွင်းရှိ ဇီးဒဘန်ကျေးရွာ အတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး အပြစ်မဲ့ ဒေသခံပြည်သူ ၁ ဦး သေဆုံးခဲ့ကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။
ပုံစာ။ TNLA ၏ ဩဂုတ် ၃၀ ရက် တိုက်ခိုက်မှုတွင် သေဆုံးဒဏ်ရာရသည့် နမ့်ဖတ်ကာဒေသခံအချို့မြင်ကွင်းနှင့် ယနေ့ထုတ်ပြန်ချက်။