October 19, 2024

၂၆. ၉. ၂၀၂၃
Written by Hey Mar

အရက်ကြောင် ကြောင်ပြီး လမ်းပေါ်လျှောက်သွားနေသူ အမျိုးသားတစ်ဦးကို ယာဥ်တိုက်ပြီးမောင်းပြေးသွားတာကြောင့် အပြင်းအထန်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တဲ့ဖြစ်စဥ် မနေ့က စက်တင်ဘာ ၂၅ ရက် ည ၁၁ နာရီ ၄၀ မိနစ် ဝန်းကျင်ခန့်က မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ နတ်မောက်လမ်း၊ ညောင်ကန်ရွာနဲ့ တည်ပင်ပေါက်ကန်ရွာကြားမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူ အမျိုးသားဟာ အသက် ၄၀ ဝန်းကျင်ခန့်ရှိပြီး ယာဥ်တိုက်ခံရမှုကြောင့် ဦးနှောက်ပွင့်ထွက်ကာ၊ ဘယ်ခြေကျိုး၊ ခန္ဓာကိုယ် ဘယ်ဘက်တစ်ခြမ်းလုံး ပွင့်ထွက်ဒဏ်ရာတွေရရှိပြီး သေဆုံးနေတာလို့ ရောင်စုံမေတ္တာပရဟိတအသင်းကနေ သိရပါတယ်။

“လက်ရှိတော့ တိုက်သွားတဲ့ယာဥ်ကို တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။ ကျွန်တော်တို့အသင်းက တော့ ရုပ်အလောင်းလာကောက်ဖို့ အကူအညီပေးတာနဲ့ မိသားစုဆက်သွယ်ဖို့တွေ တာဝန်ရှိသူတွေကို ပူးပေါင်းကူညီနေပါတယ်” လို့ MT News ကို ပြောပါတယ်။

သေဆုံးသူရဲ့ရုပ်အလောင်းကို ရောင်စုံမေတ္တာပရဟိတအသင်းနိဗ္ဗာန်ယာဥ်နဲ့ မကွေးပြည်သူ့ဆေးရုံ ရေခဲတိုက်ကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *