October 19, 2024

၂၆.၉.၂၀၂၃
Written by Peya

အင်းစိန် BOC မှတ်တိုင်အနီး ဖြစ်ပွားခဲ့သည့် YBS နှင့် ဟိုက်ဂျက်ကားတို့ တိုက်မိသည့် ဖြစ်စဉ်တွင် ကားအတွင်းညပ်နေခဲ့သည့် ဟိုက်ဂျက်ယာဉ်မောင်းမှာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း ဖြစ်စဉ်ကို ကူညီပေးခဲ့သည့် တွဲလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။

အဆိုပါဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရန်ကုန်-အင်းစိန်လမ်းမကြီး၊ ကြို့ကုန်းအရှေ့၊ BOC မှတ်တိုင်အနီးတွင် ယနေ့ စက်တင်ဘာ ၂၆ ရက် နံနက်ပိုင်း ၈ နာရီခွဲ အချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရကာ YBS 41 ယာဉ်က ဟိုက်ဂျက်ယာဉ်ကို အနောက်မှတိုက်မိခဲ့ခြင်းဖြစ်ပြီး ကားအတွင်း ညှပ်နေခဲ့သည့် ယာဉ်မောင်းကို ကယ်ထုတ်ခဲ့ရခြင်း ဖြစ်သည်။

“ဟိုက်ဂျက်က ဝိုက်နေတဲ့ အချိန် YBS က နောက်က ဝင်တိုက်တာပါ။ ဟိုက်ဂျက်က အလယ်က ပလက်ဖောင်းတုံးကို ထပ်တိုက်မိပြီး ယာဉ်မောင်းက ကားထဲမှာ ညပ်သွားတာပါ။ ဒဏ်ရာရတာက သုံးယောက်ပါ။ YBS ပေါ်က ၂ ယောက်ပါ။ ဟိုက်ဂျက် ယာဉ်မောင်း ၁ ယောက်ပါ” ဟု အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဟိုက်ဂျက်ယာဉ်မောင်းမှာ လူငယ်တစ်ဦးဖြစ်ပြီး အဆိုပါယာဉ်မောင်းမှာ စိုးရိမ်ရဒဏ်ရာရသောကြောင့် အသက်အန္တရာယ် ထိခိုက်နိုင်သည့် အခြေအနေဖြစ်ပြီး ဒဏ်ရာဒဏ်ချက်လည်း များပြားကြောင်း ၎င်းက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *