October 19, 2024

စက်တင်ဘာ ၂၅ ရက်က သေဆုံးခဲ့သော CNA တပ်ကြပ် ဆလိုင်းလိန်းဟုန် (Photo- Zofa Journal)

◾ တစ်ပတ်အတွင်း ချင်းပူးပေါင်းတပ်ဘက်က ငါးဦးထက်မနည်းသေဆုံး

၂၆. ၉. ၂၀၂၃
Written by Nay Moe

ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ စက်တင်ဘာ ၂၅ ရက် မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားလို့ ချင်းအမျိုးသားတပ်မတော် (CAN)က တပ်ကြပ် ဆလိုင်းလိန်းဟုန် ဦးခေါင်းကျည်ထိမှန်ဒဏ်ရာနဲ့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၇ ရက်ကစပြီး ထန်တလန်မှာ တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပြီး မြေပြင်တိုက်ခိုက်မှုတွေအပြင် လေ ကြောင်းတိုက်ခိုက်မှုတွေပါ နေ့စဥ်ရှိနေတယ်လို့ ထန်တလန်ဒေသခံတစ်ဦးက ​ပြောပါတယ်။

“မြို့ထဲမှာ ပြည်သူတွေမရှိတော့ဘူး။ တပ်နဲ့ CNA ပူးပေါင်းတပ်တွေပဲ နေ့စဥ်တိုက်ပွဲဖြစ်နေတာ။ မြေပြင်ကစစ်ကြောင်းထိုးနေတာလည်းရှိတယ်။ ဟားခါးဘက်က ပစ်ကူပေးတာလည်းရှိတယ်။ လေကြောင်းကလည်း ခဏခဏလာပစ်နေတာ” လို့ ဒေသခံတစ်ဦးက ထန်တလန်ရဲ့ လက်ရှိအခြေအနေကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်ကလည်း ထန်တလန်တိုက်ပွဲအတွင်း CNA ကပဲ Salai Lal Lian Sang သေဆုံးခဲ့ပါသေးတယ်။ ဒါ့အပြင် စက်တင်ဘာ ၁၈ ရက်နေ့ကလည်း တပ်နဲ့ ချင်းအမျိုးသားတပ်မတော် (CNA)၊ ထန်တလန်ဒေသကာကွယ်ရေးအဖွဲ့ CDF-Thantlang ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ချင်း PDF ပူးပေါင်းဘက်က တစ်ဦးသေပြီး သုံးဦးဒဏ်ရာရသလို စက်တင်ဘာ ၂၁ ရက်ကလည်း ချင်းပူးပေါင်းအဖွဲ့ဘက်က ၃ ဦးသေခဲ့တယ်လို့ တယ်လီဂရန်သတင်းတွေမှာ ပုံနဲ့တကွ ဖော်ပြပေမဲ့ ထန်တလန်မှာတိုက်ခိုက်နေတဲ့ ချင်း PDF တွေဘက်ကတော့ သေဆုံးမှုတွေ ထုတ်ပြန်မှု မရှိပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *