October 19, 2024

MT News

Written by Min Mahar

ငါန်းဇွန်မြို့နယ်တွင် မုန့်တီလုပ်ငန်းလုပ်သူ သားအဖနှစ်ဦးကို PDF များက “ဒလန်”ဟုစွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်လိုက်ကြကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၂၅ ရက် မနက် ၈ နာရီ ၂၀ ခန့်က မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ နဘူးအိုင်ကျေးရွာတွင် နေသူထိုင်ပြီး မုန့်တီလုပ်ငန်းလုပ်ကိုင်သည့် အသက် ၅၇ နှစ်အရွယ်ဖခင်ဖြစ်သူနှင့် အသက် ၃၈ နှစ်အရွယ်သားဖြစ်သူတို့နှစ်ဦး နေအိမ်၌ ရှိနေစဉ် အမည်မသိ PDF အဖွဲ့မှ ၁၀ ဦးခန့်က “ဒလန်”ဟုစွပ်စွဲ၍ လက်ပြန်ကြိုးတုပ်ဖမ်းဆီးသွားကာ ငါန်းဇွန်မြို့နယ်၊ မြို့သာ-မြင်းခြံသွားကားလမ်းမပေါ် ရှိ ပေါက်စိမ်းကျေးရွာ အုပ်စု၊ ပေါက်စိမ်းကျေးရွာထိပ်တွင် ၎င်းတို့သားအဖအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ကာ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံ၍ ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး သတ်ဖြတ်သွားသူများအား နယ်မြေခံရဲစခန်းမှ အမှုအရေးယူထားကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *