October 19, 2024

MT News

Written by Naing Thuta

လင်မယားရန်ဖြစ်ရာမှ ဇနီးဖြစ်သူအား ခင်ပွန်းက လည်ပင်းညှစ်သတ်လိုက်မှု မကွေးမြို့တွင် ယမန်နေ့မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း MT News သတင်းဌာနသို့ ဖြစ်စဥ်ဖြစ်ပွားရာဒေသမှ ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ပြောပြချက်အရ သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၂၅ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်က မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ ရန်မျိုးနိုင်ရပ်၊ (၆)လမ်း၊ အမှတ်(၁၃၅) တွင်နေထိုင်သော အသက် ၂၆ နှစ်အရွယ်အမျိုးသားနှင့် အသက် ၂၁ နှစ်အရွယ် ဇနီးဖြစ်သူတို့နှစ်ဦး လင်မယားစကားများရန်ဖြစ်ရာမှ ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူအား လည်ပင်းညှစ်ခဲ့မှုကြောင့် သေဆုံးမှုဖြစ်ပွားခဲ့သဖြင့် ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်းယာဉ်ဖြင့် မကွေးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာကြပြီး စစ်ဆေးမှုများပြုလုပ်ခဲ့ကာ ခင်ပွန်းဖြစ်သူအား နယ်မြေခံရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *