October 19, 2024

MT News

Written by Naing Thuta

နေအိမ်အပေါ်ထပ်ရှိဘုရားခန်း၌ မီးပူဇော်ရန် တပ်ဆင်ထားသောမီးဆိုင်းပလပ်ခုံ အပူလွန်ကဲ၍ မီးလောင်မှု မကွေးမြို့တွင် ယမန်နေ့မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း မကွေးခရိုင် မီးသတ်ဦးစီးဌာနမှ သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၂၅ ရက် မွန်းလွဲ ၂ နာရီ ၄၀ ခန့်က မကွေးတိုင်းဒေသကြီး၊ အောင်စေတနာရပ်ကွက်၊ (၂) လမ်း၊ အိမ်အမှတ် (၁၁၅)တွင် နေထိုင်သော အသက် ၆၇ နှစ်အရွယ် အငြိမ်းစားဝန်ထမ်းတစ်ဦး၏ နေအိမ်အပေါ်ထပ်ရှိဘုရားခန်း၌ မီးပူဇော်ရန် တပ်ဆင်ထားသော ပလပ်ခုံနှင့်တွဲလျက်တပ်ဆင်ထားသည့် မီးဆိုင်းမှ အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်ရာသို့ မကွေးခရိုင် မီးသတ်ဦးဌာနမှ မီးသတ်ယာဉ် ၄ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်သူ/သားများတို့ဖြင့် ဝိုင်းဝန်း၍ မီးငြှိမ်းသတ်ခဲ့ရာ ၂ နာရီ ၄၅ နာရီတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် အလျား ၃၀ ပေ၊ အနံ ၂၅ ပေ၊ သွပ်မိုး အုတ်ညှပ်အုတ်ကာ နှစ်ထပ်နေအိမ် အပေါ်ထပ် မီးလောင်ပျက်စီးခဲ့ပြီး ကာလတန်ဖိုး ၉၅၀၀၀ ကျပ်ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *