MT News
Written By Thandar
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Med Park ဆေးရုံနဲ့ Royal Hear Hearlthcare တို့ ပူးပေါင်းကျင်းပတဲ့ ကင်ဆာရောဂါနဲ့ အရိုးပြဿနာတွေအတွက် အခမဲ့ဆွေးနွေးပွဲကို စက်တင်ဘာ ၂၄ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ Wyndham Grand Hotel မှာ ပြုလုပ်ခဲ့ပါတယ်။
“ဒူးခေါင်း တင်ပါးဆုံရိုးအစားထိုးခွဲစိတ်တာကို မခွဲတာမှအကောင်း။ တချို့က ခွဲစိတ်ပြုပြင်မှုတွေလုပ်မှ ပိုဆိုးသွားမလား စိုးရိမ်ကြတယ်။ အတွေးပေါင်းများစွာရှိကြတယ်။ ခွဲစိတ်ရင်အရမ်းပိုဆိုးသွားမလား။ အန်တီတို့ ရောဂါအခံတွေ ရှိတယ်။ နှလုံး၊ ဆီးချိုတွေ ရှိတယ်။ တကယ်တော့ ခွဲစိတ်ကုသမှုလုပ်ရင် ပိုဆိုးသွားမယ် ဒီလိုပဲနေလိုက်တာ ကောင်းပါတယ် တွေးကြတယ်။ ဒီ ဒူးနာတယ် ခါးနာတယ်ဆိုတာ များသောအားဖြင့် အသက် ၄၀ ကျော် ၅၀ ကျော်ဖြစ်ကြတယ်။ ဒီအသက်အရွယ်တွေမှာ သွေးတိုး ဆီးချိုရောဂါက ပုံမှန်ဖြစ်တယ်။ ဒီလိုရောဂါရှိနေလို့ စိုးရိမ်စရာမလိုပါဘူး။ မခွဲခင်မှာ အထပ်ထပ်အခါခါစစ်ဆေးပြီးမှ ကျွန်တော်တို့ ခွဲစိတ်မှုကို ဆက်လက်ဆောင်ရွက်တာပါ။ ခွဲချိန်မှာ စိုးရိမ်စရာမလိုဘူး။ ခွဲပြီးရင်လည်း စိုးရိမ်စရာမလိုပါဘူး။ ကျွန်တော်တို့ ရုံးကိုဆက်သွယ်ပြီး ဆရာဝန်ကြီးတွေနဲ့ တိုက်ရိုက်ချိတ်ပြီး လိုအပ်ရင် ဆရာဝန်ညှိနှိုင်းဆက်သွယ်ကုသပေးပါတယ်”လို့ အရိုးအထူးကု ခွဲစိတ်ဆရာ၀န်ကြီး Dr Siripong Ratana Chai က ပြောပါတယ်။
ဒီအခမ်းအနားမှာ ဒူးနာ၊ တင်ပါးဆုံနာဝေဒနာရှင်တွေအတွက် ဘန်ကောက်ရှိ Med Park ဆေးရုံကြီးက အရိုးအထူးကု ခွဲစိတ် ဆရာ၀န်ကြီး Dr . Siripong RatanaChai နဲ့ ကင်ဆာဝေဒနာရှင်တွေအတွက် Med Park ဆေးရုံကြီးက ကင်ဆာရောဂါဆိုင်ရာ ဓာတ်ရောင်ခြည် အထူးကုဆရာ၀န်ကြီး Dr . Yongyut kongthanarat တို့က နောက်ဆုံးပေါ်နည်းပညာတွေ အချိန်တိုအတွင်း ပျောက်ကင်းနိုင်မယ့် နည်းလမ်းအကြောင်း၊ ဓာတ်ရောင်ခြည်နဲ့ သက်ဆိုင်တဲ့ အကြောင်းတွေကို လူနာတစ်ဦးချင်းဆီ အခမဲ့ဆွေးနွေးပေးခဲ့ပါတယ်။
ဒါ့ပြင် လူနာသစ်၊ လူနာဟောင်းတွေကို တွေ့ဆုံခဲ့ပြီး ယခင်ကုသမှုခံယူဖူးတဲ့ လူနာတွေနဲ့အတူ လေ့ကျင့်ခန်းပြုလုပ်ကာလက် ဆောင်ပစ္စည်းတွေ ပေးအပ်ခဲ့ပါတယ်။
“Med Parkဆေးရုံက ဘန်ကောက်မြို့မှာ အချိန်တိုအတွင်း စက်ပစ္စည်းကိရိယာနဲ့ ပတ်သက်ပြီး Upgrade အဖြစ်ဆုံး၊ဆေးကုသမှုပိုင်းဆိုင်ရာမှာလည်း Upgrade အဖြစ်ဆုံးပဲ။ ဆရာဝန်ပိုင်းမှာကလည်း ဝါရင့်ကျွမ်းကျင်ဆရာဝန်ကြီးတွေနဲ့ လာရောက်ကုသပေးတာဖြစ်တဲ့အတွက် ကျွန်မတို့က ဒီဆေးရုံနဲ့ ပူးပေါင်းဖို့ ရည်ရွယ်ပြီး ဒီပွဲလေးကို လုပ်ခဲ့တာပါ။ ဒီနေ့မှာ ဝါရင့်ကျွမ်းကျင်ဆရာဝန်ကြီးတွေက သူတို့နဲ့ ကုသဖူးတဲ့ လူနာများစွာရှိတယ်။ ပြီးတော့ ထပ်ပြီးကုသမယ့်လူတွေလည်း အများကြီးရှိတဲ့အတွက် ဆရာဝန်ကြီးတွေကို လာရောက်ဟောပြောပွဲ လုပ်ပေးဖို့ ဖိတ်ကြားခဲ့တာပါ”လို့ Royal Heart Healthcare Company မန်နေဂျင်း ဒါရိုက်တာ ဒေါ်စန္ဒာဝင်းက MTNews ကို ပြောပါတယ်။