MT News
Written by Nay Moe
စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်က ခြေရာတော်ရွာအနီးမှာ စက်တင်ဘာ ၂၃ ရက် မနက်ပိုင်းက PDF တွေ အစုလိုက်အပြုံလိုက်သေဆုံးမှုမှာ အစကအရပ်သားတွေပါတယ်လို့ သတင်းရေးသားပေမဲ့လည်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့(CDSOM) ရဲ့တရားဝင်ထုတ်ပြန်ချက်မှာတော့ သေဆုံးသူက ၂၆ ဦးဖြစ်ပြီး အားလုံးဟာ PDF တွေလို့ အတည်ပြုပါတယ်။
ကင်းပုန်းဝပ်နေတဲ့စစ်ကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပြီး PDF ၂၆ ဦးသေဆုံးခဲ့ရာမှာ ခြေရာတော်ပြည်သူ့ကာကွယ်ရေးအဖွဲ့က PDF ၁၇ ဦး၊ စစ်ကိုင်းခရိုင် အမှတ်(၅) တပ်ရင်းက PDF ၅ ဦး၊ စစ်ကိုင်းခရိုင် အမှတ်(၆) တပ်ရင်းက PDF ၂ ဦးနဲ့ မြင်းမူ ပလဖက PDF ၂ ဦး စုစုပေါင်း ၂၆ ဦး သေခဲ့တာလို့ CDSOM က အတည်ပြုပါတယ်။
ဒါကြောင့် စက်တင်ဘာ ၂၃ ရက် ညနေ ၃ နာရီ ၅၀ မိနစ်အချိန်မှာ ခြေရာတော်တိုက်ပွဲဝင် စစ်ကြောင်းကို မြောင်မြို့နယ် မဟာမိတ်ပူးပေါင်းတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာမှာ စစ်ကြောင်းဘက်က ၅ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့လည်း CDSOM က ရေးသားပါတယ်။
အဲဒီစစ်ဆင်ရေးကို CDSOM အနောက်ပိုင်း 001၊ Wild Bird (ကောလင်း) အဖွဲ့၊ မြောင်မြို့နယ် ပလဖ၊ မြင်းခြံခရိုင်တပ်ရင်း ၂ (PDF TALOKE)၊ စစ်ကိုင်းခရိုင်တပ်ရင်း ၆၊ တပ်ခွဲ ၃၊ Sintkaing Revolution Force၊ LACR မြင်းခြံ၊ Youn Man အဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး Shar Htoo Waw (Fixed Wngs ) နည်းပညာနဲ့ ဒရုန်း ၃ စီးကို အသုံးပြုကာ ဗုံး ၁၁ လုံး ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း တယ်လီဂရန်သတင်းဌာနတွေကတော့ PDF တွေရဲ့ လက်တုန့်ပြန်တိုက်ခိုက်မှုမှာ ထိခိုက်သူမရှိဘူးလို့ ဖော်ပြပါတယ်။