MT News
Written by Nay Aung
အိန္ဒိယနိုင်ငံထဲသို့ တရားမဝင် ဝင်ရောက်နေသူများကို ထိန်းချုပ်နိုင်ရန်အတွက် လက်ရှိခွင့်ပြုထားသော နယ်စပ်ဒေသလွတ် လပ်စွာသွားလာခွင့် (Free Movement Regime-FMR)စနစ်ကို ဆိုင်းငံ့လိုက်ကြောင်း မဏိပူရပြည်နယ်ဝန်ကြီးချုပ် အမ်ဘီရမ်ဆင်းက ထုတ်ဖော်ပြောဆိုလိုက်သည်။
အဆိုပါ အိန္ဒိယ-မြန်မာနယ်စပ်ဒေသ လွတ်လပ်စွာသွားလာလှုပ်ရှားခွင့်စနစ်အရ နယ်စပ်ဒေသတွင်နေထိုင်နေသည့် မြန်မာ နိုင်ငံသားနှင့် အိန္ဒိယနိုင်ငံသားများသည်နှစ်နိုင်ငံပိုင်နက် ၁၆ ကီလီုမီတာအထိ ဗီဇာမလိုဘဲလွတ်လပ်စွာသွားလာခွင့်ရရှိကြောင်း သိရသည်။
မဏိပူရပြည်နယ်ဝန်ကြီးချုပ်သည် အဆိုပါစနစ်ကို အပြီးသတ်ရုပ်သိမ်းရန် အိန္ဒိယ ဗဟိုအစိုးရကိုလည်း တောင်းဆိုထားကြောင်း အိန္ဒိယသတင်းများတွင် ဖော်ပြထားသည်။
မဏိပူရပြည်နယ်ဝန်ကြီးချုပ်က “ဒီ FMR စနစ်ကြောင့် မြန်မာနိုင်ငံသားတွေ အိန္ဒိယနိုင်ငံဘက်ခြမ်းကို တရားမဝင် ဝင်ရောက်နေတာတွေကို ထိန်းချုပ်နိုင်စွမ်းမရှိဘူး။ ဒါကြောင့် FMR စနစ်ကို အပြီးတိုင်ပိတ်သိမ်းလိုက်ဖို့ ဗဟိုအစိုးရကို တောင်းဆိုထားပါတယ်။ ကျွန်တော်တို့အစိုးရ အဖွဲ့ရဲ့အဓိကဦးစားပေးက မြန်မာနိုင်ငံဘက်ခြမ်းကနေ အိန္ဒိယနိုင်ငံဘက်ခြမ်းကို တရားမဝင် ဝင်ရောက်နေတာတွေကိုရပ်တန့်ဖို့ဖြစ်တယ်။ နယ်စပ်ဒေသ ခြံစည်းရိုးခတ်ဖို့လိုအပ်နေပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် အာဏာအငြင်းပွားမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း နယ်စပ်ဒေသတွင်နေထိုင်နေသည့် မြန်မာနိုင်ငံသားများသည် အိန္ဒိယနိုင်ငံဘက်ခြမ်းကိုနေရပ်စွန့်ခွာသွားရောက်နေထိုင်မှုများ ရှိနေခဲ့ကြောင်း သိရသည်။ မဏိပူရပြည်နယ် ဝန်ကြီးချုပ်သည် ပြည်နယ်အတွင်းဖြစ်ပွားနေသည့် လူမျိုးရေးအကြမ်းဖက်မှုများ လျော့နည်းသွားပြီဖြစ်သည့်အတွက် ရက်ပေါင်း ၁၀၀ နီးပါးကြာပိတ်ပင်ထားသည့် အင်တာလိုင်း ပိတ်ပင်မှုများကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ မဏိပူရပြည်နယ်သည် မြန်မာနိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေသော ပြည်နယ်ဖြစ်ပြီး ကီလိုမီတာ ၃၉၀ ကျော် ထိစပ်နေကြောင်း သိရသည်။
Ref; hindustantimes