MT News
Written by Min Mahar
ရွှေဘိုမြို့နယ်တွင် တောင်သူလင်မယားနှစ်ဦး လယ်ကွင်းထဲသို့သွားစဉ် PDF များထောင်ထားသည့်မိုင်းပေါက်ကွဲမှုကြောင့် နှစ်ဦးစလုံးဒဏ်ရာရရှိမှု ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ပြီး ရွှေဘိုမြို့ပြည်သူ့ဆေးရုံကြီးမှ မန္တလေးမြို့ပြည့်သူ့ဆေးရုံကြီးသို့ ပြောင်းရွေ့ဆေးကုသမှုခံယူနေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၂၃ ရက် မနက် ၈ နာရီကျော်က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ သီးလုံးကျေးရွာတွင်နေထိုင်ပြီး တောင်သူလုပ်ကိုင်နေသော အသက် ၅၈ နှစ်အရွယ် အမျိုးသားနှင့် အသက် ၆၂ နှစ်အရွယ် ဇနီးဖြစ်သူတို့ လင်မယားနှစ်ဦးသည် ကျေးရွာ၏ အနောက်တောင်ဘက် ၁ မိုင်ခန့်အကွာရှိ လယ်ကွင်းထဲသို့သွားစဉ် PDF အဖွဲ့များထောင်ထားသော လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲခဲ့ရာ ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထိုပေါက်ကွက်မှုကြောင့် အမျိုးသားဖြစ်သူတွင် ယာဘက်ပုခုံး မိုင်းစထိမှန်ဒဏ်ရာ၊ ဝဲဘက်နံစောင်း မိုင်းစထိမှန်ဒဏ်ရာနှင့် ဇနီးဖြစ်သူတွင်လည်း ဝဲ/ယာနှစ်ဖက်စလုံး၏ ခြေသလုံးကို မိုင်းစထိမှန်သွားသော ဒဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့သဖြင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် ရွှေဘိုမြို့၊ အမှတ် (၅)ရပ်ကွက်၊ မင်းရပ်ရှိ ရွှေဘိုပြည်သူ့ဆေးရုံကြီး၌ ပို့ဆောင်ပြီး ဆေးကုသနေရာမှ ဒဏ်ရာရရှိသူများသည် မန္တလေးဆေးရုံကြီးသို့ လွှဲပြောင်းကုသပေးရန်လိုအပ်သောကြောင့် ယနေ့ ညနေပိုင်းတွင် မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ဆေးကုသမှုဆက်လက်ခံယူနေကြောင်း သိရသည်။