MT News
Written by Min Mahar
နွားကျောင်းနေသော အမျိုးသားတစ်ဦး PDF များထောင်ထားသည့် မိုင်းနင်းမိ၍ ဒဏ်ရာရရှိမှု ရွှေဘိုမြို့နယ်တွင် စက်တင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၂၂ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ကင်းဗျားကျေးရွာတွင် နေထိုင်ပြီး တောင်သူလုပ်ကိုင်သော အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးသည် ကျေးရွာ၏ တောင်ဘက်၊ ကင်းဗျားကျေးရွာနှင့် ဇီးတောကျေးရွာသွား မူးဘောင်လမ်း၌ တစ်ဦးတည်း နွားကျောင်းနေစဉ် မူးဘောင်ဝဲဘက်ခြမ်းမှ PDF အဖွဲ့များထောင်ထားသော လက်လုပ်မိုင်း ၁ လုံး နင်းမိ၍ပေါက်ကွဲခဲ့ပြီး ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
အဆိုပါပေါက်ကွဲမှုကြောင့် ၎င်းအမျိုးသားသည် ယာဘက်လက်ဖျံ မိုင်းစထိမှန်ဒဏ်ရာ၊ ကျောကုန်းယာဘက် မိုင်းစထိမှန်ဒဏ်ရာနှင့် ယာဘက်ပေါင် မိုင်းစထိမှန်ဒဏ်ရာ(စိုးရိမ်ရ)တို့ ရရှိခဲ့သဖြင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် ယမန်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်တွင် ရွှေဘိုမြို့၊ အမှတ်(၅)ရပ်ကွက်၊ မင်းရပ်ရှိ(ဒေသအခေါ်)၊ ရွှေဘိုမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးကုသမှုခံယူနေကြောင်း သိရသည်။