October 22, 2024

ပြည်သူ့ရင်ပြင်၌ တန်ဆောင်မုန်းလပြည့်ညကကျင်းပခဲ့သည့် တန်ဆောင်တိုင်ပွဲတော် မြင်ကွင်းများ

MT News

Writer & Photo Tha Doe

နိုဝင်ဘာ ၅ ရက်မှ တန်ဆောင်မုန်းလပြည့်ညအထိ ကျင်းပနေသည့် ရန်ကုန်မြို့တော် တန်ဆောင်တိုင် မီးထွန်းပွဲတော်နှင့် ဈေးရောင်းပွဲတော်၏ နောက်ဆုံးနေ့တွင် ယခင်ရက်များထက်စည်ကားခဲ့သည့်အပြင် မီးရှုးမီးပန်းများဖြင့်ပါ ပူဇော်မှုပြုခဲ့သည်။

ထို့ပြင် မီးရှူးမီးပန်းများ ပစ်ဖောက်ပူဇော်ပြီးနောက် မီးပုံးပျံများစွာလည်း လွှင့်တင်နေပြီး မီးသတ်တပ်ဖွဲ့ဝင်များကလည်း ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို ဂရုပြုကာကွယ်ပေးနေသည်။

ပြည်သူ့ရင်ပြင်၌ ကျင်းပနေသည့် တန်ဆောင်တိုင်မီးထွန်းပွဲတော်၌ မကြာသေးမီက ပေါ်ထွန်းခဲ့သည့် ဆင်ဖြူတော်ငယ်နှင့် မိခင်ပုံရိပ်များအပါအဝင် ရောင်စုံမီးအလှများစွာဖြင့် ဆင်ယင်ထားသည့်အပြင် ပွဲတော်လာပြည်သူများ စိတ်အပန်းဖြေစေရန် တေးဂီတဖျော်ဖြေမှုနှင့်အတူ ဈေးရောင်းပွဲတော်တွင်လည်း ဆိုင်ခန်းပေါင်း ၁၀၀ ကျော် ဖွင့်လှစ်ရောင်းချပေးလျှက်ရှိသည်၊

Leave a Reply

Your email address will not be published. Required fields are marked *