၂၁. ၉. ၂၀၂၃
Written by Naing Thuta
အသက် ၇၀ အရွယ်အဘွားအိုအား PDF များက “ဒလန်”ဟုစွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင်သွားပြီး ယာခင်းထဲ၌ သ-တ်ဖြ-တ်သွားမှု တောင်သာမြို့နယ်တွင် ယမန်နေ့မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာ ၂၀ ရက်)မွန်းလွဲ ၁ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာတွင် နေထိုင်သည့် အသက် ၇၀ အရွယ်အမျိုးသမီးကြီးသည် နေအိမ်၌ရှိနေစဉ် PDF အဖွဲ့မှ ၅ ဦးသည် ဆိုင်ကယ် ၂ စီးဖြင့်ရောက်ရှိလာပြီး ၎င်းအား “ဒလန်”ဟု စွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင်၍ ရုံးစည်လေးကျေးရွာ၏ အနောက် မြောက်ဘက်ရှိ ယာခင်းထဲ၌ သ-တ်ဖြ-တ်သွားကြောင်း သိရသည်။
အဆိုပါသ-တ်ဖြ-တ်ခဲ့မှုကြောင့် အမျိုးသမီးကြီးတွင် နောက်ကျော ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာဘက်နားအောက်ကို ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ဖြင့် သေဆုံးနေသည့်အတွက် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် အလောင်းအား တောင်သာမြို့နယ်ပြည်သူ့ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ယင်းသ-တ်ဖြ-တ်သွားသော PDF အဖွဲ့က ၅ ဦးကို တောင်သာမြို့မရဲစခန်းမှ (ပ)၇၇/၂၀၂၃၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ ဖြင့် အမှုဖွင့်၍ လိုက်လံစုံစမ်းနေကြောင်း ရဲတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူထံမှ သိရသည်။