MT News
Written by Min Mahar
ငါန်းဇွန်မြို့နယ်ရှိ တံတားဦး-မြင်းခြံကားလမ်းဘေးတစ်လျှောက်တွင် ယနေ့မွန်းလွဲပိုင်းက PDF များထောင်ထားသည့် လက်လုပ်မိုင်း ၇ လုံးတွေ့ရှိခဲ့ပြီး ဖောက်ခွဲဖျက်ဆီးခဲ့ရကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(စက်တင်ဘာ ၂၀ ရက်)မွန်းလွဲ ၁ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ကျွဲဇိမ်ကျေးရွာအနီး တံတားဦး-မြင်းခြံသွားကားလမ်းပေါ်တွင် PDF များထောင်ထားသည့် လက်လုပ်မိုင်းများတွေ့သည်ဟု ဒေသခံတစ်ဦးမှ သက်ဆိုင်ရာအား သတင်းပေးခဲ့သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များသွားရောက်စစ်ဆေးခဲ့ရာ အဝေးထိန်းစနစ်ဖြင့် အသင့်ပြုလုပ်ထားသော အချင်း ၆ လက်မ၊ အရှည် ၈ လက်မ ကွန်ကျူးပိုက်ဖြင့် ပြုလုပ်ထားသည့် ဒေသန္တရလက်လုပ်မိုင်း ၇ လုံး၊ ဆိုင်ကယ်ဘထ္ထရီ ၂ လုံးတို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါလက်လုပ်မိုင်းများကို မွန်းလွဲ ၂ နာရီခန့်တွင် တွေ့ရှိခဲ့သည့်နေရာ၌ပင် သက်မဲ့ပြုလုပ်၍ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။