MT News
Written by Naing Thuta
ဆိုင်ကယ်တစ်စီးအား မီနီအိုးဝေက တိုက်ပြီးမောင်းပြေးသွား၍ ဆိုင်ကယ်မောင်းသူအမျိုးသား ဒဏ်ရာရရှိမှု မန္တလေးတွင် ယမန်နေ့မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း မဏီစလလူမှုကူညီရေးအသင်းမှ သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၂၀ ရက် မွန်းလွဲ ၂ နာရီကျော်က မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြား၊ ၃၈ လမ်းပေါ်တွင် မီနီအိုးဝေ သုံးဘီးယာဉ်တစ်စီးက ဆိုင်ကယ်တစ်စီးအားတိုက်ပြီး ထွက်ပြေးသွားခဲ့ရာ ဆိုင်ကယ်သမားမှာ ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ဒဏ်ရာရသည့် ဆိုင်ကယ်မောင်းသူကို မဏီစလလူမှုကူညီရေးအသင်းမှ မော်တော်ယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးရှိ အရေးပေါ်ဌာနသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ပြေးသွားသည့် မီနီအိုးဝေ၏ ယာဉ်နံပါတ်ကိုလည်း ဓာတ်ပုံရိုက်မှတ်တမ်းတင်ထားနိုင်ခဲ့သည့်အတွက် သက် ဆိုင်ရာတာဝန်ရှိသူများကို ဆက်လက်အကြောင်း ကြားထားပြီး နယ်မြေခံရဲတပ်ဖွဲ့မှလည်း လိုက်လံစုံစမ်းပေးနေကြောင်း သိရသည်။