October 19, 2024

၁၉.၉.၂၀၂၃
Written by Naing Thuta

ဟားခါးမြို့တွင် မိုးရေချိန် ၂ ဒသမ ၇၆ လက်မအထိ ရွာသွန်းမှုကြောင့် ကွန်ကရစ်လမ်း အောက်ခံမြေသား ပြိုကျ၍ လူနေအိမ်တစ်လုံးပြိုကျမှု ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ကြာင်း ဟားခါးခရိုင်စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စိုးလွင် ပြောပြချက်အရ သိရသည်။

ဖြစ်စဉ်မှာ ယနေ့(စက်တင်ဘာ ၁၉ ရက်နေ့)မနက် ၆ နာရီကျော်က ချင်းပြည်နယ်၊ ဟားခါးမြို့တွင် မိုးရေချိန် ၂ ဒသမ ၇၆ လက်မအထိ ရွာသွန်းမှုကြောင့် ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်၊ မြို့ပတ်လမ်းနှင့် ပြည်နယ်လွှတ်တော်ရုံးအရှေ့ဘက်အကြား၊ ထက်လွေကွန်ကရစ်လမ်း မြေအောက်ခံမြေသားများပြိုကျ၍ အိမ်ရှင် ဦးရပ်အဲ၏ နေအိမ်တစ်လုံး ပြိုကျခဲ့ကြောင်း သိရသည်။

အဆိုပါမြေသားပြိုကျသည့်နေရာသို့ ဟားခါးခရိုင်စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စိုးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်လမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ လုံခြံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်ကြည့်ရှုပြီး ပြိုကျနေသည့်အိမ်အတွင်းရှိ ပစ္စည်းများ ပြောင်းရွှေ့ပေးခြင်း၊ ပြိုကျနေသည့်နေအိမ်အား ဖယ်ရှားရှင်းလင်းခြင်းနှင့် မြေပြိုမှု ထပ်မံမဖြစ်ပွားစေရေးအတွက် ရေစီးလမ်းကြောင်း ရှင်းလင်းခြင်းစသည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *